သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မုတ မပါ လင်္ကာ မချော

  • 27 စက်တင်ဘာ 2012

ပျို့ကဗျာ၊ လင်္ကာတွေ၊ စာတွေ ရေးသားရာမှာ သုတဆိုတဲ့ ကြားဖူးတဲ့ အကြားနဲ့ တင်ပဲ ရေးသားရင် မပြေပြစ် မချောမွေ့ မကောင်းမွန်နိုင်ဘူး။ မုတဆိုတဲ့ အမြင် ကိုယ်တိုင်ကြုံတဲ့ အတွေ့အကြုံအသိနဲ့ ရေးသားမှာသာ စာကောင်း ကဗျာကောင်း ဖြစ်မယ်လို့ ဆိုချင်တာဖြစ်ပါတယ်။

ဒီလို ဆိုတော့ မုတ မပါ လင်္ကာမချောဆိုတဲ့ အသုံးအနှုန်းဟာဖြင့် တော်တော်လေး နှစ်သက်စရာ ကောင်းပါတယ်။ အဓိပ္ပါယ် ယုတ္တိလည်း တော်တော်ပြည့်ဝ တယ်လို့ ထင်ပါတယ်။

နောက်ထပ် ဆွေးနွေးထားတဲ့ စကားလုံး တလုံးကတော့ မိုးနှောင်းသံထင် ဆိုတဲ့ စကားပါ။