သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက်တင်ဘာ ၂၈ တမိနစ် သတင်းဗီဒီယို

  • 28 စက်တင်ဘာ 2012

နာမည်ပျက် ရှိနေတဲ့ တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ပေါ်လစ် ဗြူရို အဖွဲ့ဝင် ဘိုရှီလိုင်ကို ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး သူဟာ ရာဇဝတ်မှု စွဲချက်တွေနဲ့ တရား ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ တရုတ်သတင်းအေဂျင်စီ ရှင်ဝါကပြောပါတယ်။

ဆိုမာလီ နိုင်ငံက အစ္စလာမ် စစ်သွေးကြွ အဲလ်ရှာဘတ် အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ် ယူထားတဲ့ တောင်ပိုင်း ဆိပ်ကမ်းမြို့တခု ဖြစ်တဲ့ ကစ်ရှ်မာယိုမြို့ကို ကင်ညာနဲ့ ဆိုမာလီ ပူးတွဲ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက် နေကြပါတယ်။

နီပေါနိုင်ငံမြို့တော် ကက်မန်ဒူမှာ တောင်တက် သမား အဖွဲ့ တဖွဲ့ကို တင်ဆောင်ထားတဲ့ လေယာဉ် တစင်း ပျက်ကျသွားလို့ လေယာဉ်ပေါ်ပါ လူပေါင်း ၁၉ ဦး သေဆုံးသွားပါတယ်။