BBC navigation

ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 15:08 GMT

ဘင်္ဂလားဒေ့ရှ်မှာ ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရ

  • Bangladesh Buddhists attacked
    ဗုဒ္ဓဘာသာဝင် တဦးက ဖေ့စ်ဘုတ်ပေါ်မှာ ကုရ်အာန်ကျမ်းကို စော်ကားတဲ့ ဓာတ်ပုံတပုံ တင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကော့စ်ဘဇားနဲ့ စစ်တကောင်း ခရိုင် တွေမှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အိမ်တွေကို မူဆလင်တွေက ဖျက်ဆီးခဲ့။
  • Bangladesh Buddhists attacked
    အနဲဆုံး ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်း မီးရှို့ ဖျက်ဆီးခံရပြီး ဆင်းတုတော်တွေလဲ ဖျက်ဆီးခံခဲ့ရပါတယ်။
  • Bangladesh Buddhists attacked
    မီးလောင်ပြာကျခဲ့ရတဲ့ ကျောင်းတကျောင်းအတွင်းမှာ ကျန်ရစ်တဲ့ ပစ္စည်းလေးတွေကို သိမ်းဆည်းနေတဲ့ သံဃာတပါး၊
  • Bangladesh Buddhists attacked
    အသုံးအဆောင် ပစ္စည်းတွေနဲ့ အိုးခွက်တွေပါ မကျန် ပျက်စီးဆုံးရှုံး၊
  • Bangladesh Buddhists attacked
    အကြမ်းဖက်မှုတွေဟာ ကော့စ်ဘဇား ခရိုင် သာမက တခြားဒေသတွေကိုပါ ပြန့်နှံ့သွားလို့ ရာမူး ပန်းဝါမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် တားဆီးခဲ့ရပါတယ်။
  • Bangladesh Buddhists attacked
    ရဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေလည်း ပြဿနာဖြစ်တဲ့ နေရာတွေကို အမြန်ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းခဲ့သလို အိုးအိမ်မဲ့ သွားသူတွေကိုလည်း အကူအညီတွေ ပေးနေ။
  • Bangladesh Buddhists attacked
    ပြာကျ ပျက်စီးသွားတဲ့ ကျောင်းဆောင် တခုရှေ့မှာ ဝတ်ပြုနေကြတဲ့ ဘင်္ဂလားဒေ့ရှ်က ဗုဒ္ဓဘာသာဝင်တွေ။
  • Bangladesh Buddhists attacked
    အစိုးရက အခု အကြမ်းဖက်မှုတွေကို အတိုက်အခံပါတီက လှုံ့ဆော်ပေးခဲ့တာလို့ စွပ်စွဲပြီး ပြည်တွင်း ပြည်ပက အကြမ်းဖက် အဖွဲ့တွေလဲ ပတ်သက်မှုရှိနိုင်တယ်လို့ ဆိုခဲ့။
  • Bangladesh Buddhists attacked
    အခုလို တိုက်ခိုက်မှုတွေကို သံဃာတွေက ဒါကားမြို့မှာ စုဝေးကန့်ကွက်၊

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။