BBC navigation

အရွေ့ရဲ့အရိပ် အပိုင်း ၃

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 17:24 GMT
ဗကသ ABFSU

ကိုမင်းကိုနိုင်အပါအဝင် ဗကသ အဖွဲ့ဝင်ဟောင်းများနဲ့ အဖွဲ့ဝင် အသစ်များ

မြန်မာနိုင်ငံမှာ အစိုးရသစ်ကနေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေရာမှာ ဒီပြောင်းလဲမှုတွေဟာ လူတွေရဲ့ လက်တွေ့ဘဝ အပေါ်မှာ ဘယ်လို ရိုက်ခတ်မှုတွေရှိပါသလဲ။

ဒါနဲ့ပတ်သက်ပြီး အလုပ်သမား၊ စီးပွားရေးသမား၊ နိုင်ငံရေးသမား လူငယ်တယောက်တို့ရဲ့ ရှုထောင့်ကနေ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အခုကစပြီး နောက် ၆ လ ကြာတဲ့အထိ စောင့်ကြည့်လေ့လာနေတဲ့ ဘီဘီစီရဲ့‘အရွေ့ရဲ့အရိပ်’ အစီအစဉ်မှာ တင်ဆက်ပေးနေပါတယ်။

နောက် ၆ လမတိုင်ခင် အခုချိန်မှာလည်း ဘယ်လို ပြောင်းလဲမှုတွေ ခံစားနေရပြီလဲ၊ ဘာတွေ မျှော်လင့်ထားကြလဲ ဆိုတာကို စက်တင်ဘာ လကုန်ပိုင်းက စပြီး တင်ဆက်ပေးနေရာမှာ တတိယပိုင်းမှာတော့ လူငယ် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ကျော်ကိုကိုရဲ့ ဘဝနဲ့ အမြင်တွေကို တင်ဆက်ပေးထားပါတယ်။

ကျော်ကိုကိုဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသရဲ့ ဗဟို လုပ်ငန်း ကော်မတီ ဥက္ကဌ ဖြစ်ပါတယ်။

ကိုကျော်ကိုကိုဟာ ဗကသ လှုပ်ရှားမှုတွေ လုပ်ရင်း ၂၀၀၈ ခုနှစ်မှာတော့ ထောင် ၈ နှစ် အချခံရပြီး ဒီနှစ်ဆန်းကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူ ဖြစ်ပါတယ်။

လက်ရှိ အသက် ၃၁ နှစ်အရွယ် ကိုကျော်ကိုကိုဟာ သူထောင်မကျခင်က စီးပွားရေးတက္ကသိုလ် မဟာဘွဲ့သင်တန်း ဖြေဆိုအောင်မြင်ပြီးပေမယ့် ဘွဲ့ချီးမြှင့် မခံရသေးတဲ့ ကျောင်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

အစီအစဉ်ကို ဒီမှာ နားဆင်နိုင်ပါတယ်။

အရွေ့ရဲ့အရိပ် အပိုင်း ၃

လူငယ်နိုင်ငံရေးသမား ကျော်ကိုကို

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

နှိပ်ပါ အလုပ်သမားတစ်ယောက်ရဲ့ ဘဝနဲ့ ဒီနေ့အပြောင်းအလဲအပေါ် အမြင်ကို နားဆင်ရန်

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။