BBC navigation

မိုဘီဂျီနို နဲ့ အောင်လ

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 16:48 GMT

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

အခုတပတ် အစီအစဉ်မှာတော့ 'တောင်းပန်တယ်' သီချင်းနဲ့ အရမ်းအောင်မြင်လာတဲ့ မြန်မာနိုင်ငံက လူငယ် ရော့ခ်ဂီတအဖွဲ့ Reason အဖွဲ့က အောင်လနဲ့ လန်ဒန်က ဘီဘီစီ စတူဒီယိုထဲမှာ တွေ့ဆုံ မေးမြန်းထားတာကို တင်ဆက်ပေးထားပါတယ်။

သံစဉ်ရော စာသားပါ အောင်လ ဖန်တီးထားတဲ့ တောင်းပန်တယ် သီချင်းဟာ ဖွင့်ကြလွန်းလို့ တချို့က နိုင်ငံတော် သီချင်းလို့တောင် တင်စားပြီး ပြောခဲ့ကြပါတယ်။ ဒီသီချင်းကို သူ ဘယ်လို ဖန်တီးခဲ့လဲ၊ သူ့ရဲ့ ဂီတ အိပ်မက်တွေက ဘာလဲ၊ သူ ဘာသီချင်းတွေ ဖန်တီးနေလဲဆိုတာကို အောင်လက ပြောပြထားပါတယ်။

အောင်လဟာ NC 13 အဖွဲ့နဲ့ စတင် လက်တွဲခဲ့ပြီးနောက် နောက်ပိုင်းမှာ လမ်းခွဲခဲ့ပြီး ၂၀၀၇ မှာတော့ Reason အဖွဲ့ကို တခြား အတီးသမား ငါးဦးနဲ့ ပေါင်းပြီး ဖွဲ့စည်းခဲ့ပါတယ်။

အစီအစဉ်ကို နားဆင်ရန်

အောင်လ အင်တာဗျူး

အောင်လနဲ့ အင်တာဗျူး

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မိုဘီ ဂျီနို အစီအစဉ်ကို ၂ ပတ် တကြိမ် တနင်္လာနေ့တိုင်း ဘီဘီစီရဲ့ ညပိုင်း အသံလွှင့် အစီအစဉ်တွေမှာ ထုတ်လွှင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။