သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အောက်တိုဘာ ၈ တမိနစ် သတင်းဗီဒီယို

  • 8 အောက်တိုဘာ 2012

ဗင်နီဇွဲလားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဟူဂို ချားဗက်ဇ်က မဲအရေအတွက် ၅၄ ရာခိုင်နှုန်း ရရှိပြီး အနိုင်ရရှိသွားပါတယ်။

နိုင်ငံတကာ အာကာသစခန်းဆီကို ပုဂ္ဂလိက အစီအစဉ်နဲ့ ပထမဦးဆုံး ထောက်ပံ့ရေး ဂြိုလ်တု တလုံး စတင် လွှတ်တင် ခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တယ်လီဖုန်း ပစ္စည်း ထုတ်လုပ်တဲ့ ZTE နဲ့ ဝှါဝေ ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေကို အမေရိကန် စျေးကွက်မှာ ရောင်းချခွင့် မပြုပဲ ပိတ်ပင်တားမြစ်ဖို့ အတွက် အမေရိကန် ကွန်ဂရက် လွှတ်တော် ကော်မတီတခု ကနေ တောင်းဆို လိုက်ပါတယ်။