BBC navigation

သမ္မတ ဦးသိန်းစိန် ကိုရီးယား မှတ်တမ်း

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 10:55 GMT

သမ္မတဦးသိန်းစိန် ကိုရီးယား မှတ်တမ်း

  • မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ကိုရီးယား သမ္မတ လီမြောင်ဘတ်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ပါတယ်။
  • မစ္စတာ လီမြောင်ဘတ်က သမ္မတ အိမ်တော် ဖြစ်တဲ့ Blue House မှာ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပြီး...
  • ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။
  • ကလေးငယ်တွေကလည်း နှစ်နိုင်ငံ အလံတွေကို ဝှေ့ယမ်းပြီး ကြိုဆိုခဲ့။
  • သမ္မတ ဦးသိန်းစိန်ဟာ ကိုရီးယားနိုင်ငံတော် စစ်သင်္ချိုင်းကိုလည်း သွားရောက်ခဲ့သလို...
  • ကိုရီးယား စီးပွားရေးအဖွဲ့ ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
  • U Thein Sein
    တောင်ကိုရီးယားနိုင်ငံ Incheon နိုင်ငံတကာ လေဆိပ်ကို မြန်မာ သမ္မတ ဦးသိန်းစိန် ရောက်ရှိတယ် ဆိုရင်ပဲ၊ ဂုဏ်ပြု တပ်ဖွဲ့က ခရီးဦး ကြိုဆိုခဲ့ပါတယ်။
  • U Thein Sein
    ကိုရီးယား သမ္မတ လီမြောင်ဘတ် ရဲ့ ဖိတ်ကြားချက်အရ ၃ ရက်ကြာခရီးစဉ် အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
  • U Thein Sein
    ဆိုးလ်မြို့ တောင်ဘက် ဆင်ခြေဖုံးမှာ ရှိတဲ့ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း နေရာကို လည်း သွားရောက် လေ့လာခဲ့ရာ...
  • U Thein Sein
    ကိုရီးယားနိုင်ငံ တာဝန်ရှိသူတွေက လိုက်လံ ရှင်းလင်း ပြသခဲ့ပါတယ်။
  • U Thein Sein
    ကျေးလက်ဒေသတွေမှာ နှစ်အလိုက် ဖွံ့ဖြိုး တိုးလက်လာတဲ့ ပုံစံကို လေ့လာနေစဉ်။
  • U Thein Sein
    အဲဒီနောက်မှာတော့ Saemaeul ပြတိုက်ကို ရောက်ရှိသွားပြီး အဲဒီမှာ တောင်ကိုရီးယားရဲ့ စစ်အာဏာရှင် သမ္မတဟောင်း Park Chung-hee ရဲ့ ရုပ်ထုကို ကြည့်ရှုခဲ့။
  • U Thein Sein
    သမ္မတ ဦးသိန်းစိန် ပြတိုက်ထဲ လှည့်လည် ကြည့်ရှု။
  • U Thein Sein
    ကိုရီးယား ကျေးလက် ဘဝ နေထိုင်မှု ပုံစံကို ပြတိုက်ထဲမှာ ပြသထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။