သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အောက်တိုဘာ ၉ တမိနစ် သတင်း ဗီဒီယို

  • 9 အောက်တိုဘာ 2012

ပါကစ္စတန် နိုင်ငံမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့် ရရေး စည်းရုံး လှုံ့ဆော်နေသူ နိုင်ငံ အနောက် မြောက်ပိုင်းက အသက် ၁၄ နှစ်အရွယ် ကျောင်းသူလေး မာလာလာ ယူဆပ်ဇာအီ ဟာ သေနတ်ပစ် ခံရပြီး ဒဏ်ရာ ရရှိသွားခဲ့ ပါတယ်။

မက္ကဆီကို နိုင်ငံက အရက်စက်ဆုံး မူးယစ် မှောင်ခို ဂိုဏ်း ဖြစ်တဲ့ ဇီးတက်စ် အဖွဲ့ ခေါင်းဆောင်ဟာ မရိန်း တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှု အတွင်း သေဆုံးသွားဖွယ် ရှိတယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံက သူတို့မှာ အမေရိကန် ပြည်ထောင်စု အထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် မစ်ဇိုင်းဒုံးတွေ ရှိတယ်လို့ ပြောကြားလိုက် ပါတယ်။