BBC navigation

ဘာလီဗုံးခွဲမှု ၁၀ နှစ်ပြည့် ကြေကွဲမှတ်တမ်း

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 13:32 GMT

ဘာလီကျွန်းဗုံးခွဲအကြမ်းဖက်မှု ၁၀ နှစ်ပြည့်

  • ၁၀ နှစ်ပြည့် အခမ်းအနားတက် သြစတြေးလျ ဝန်ကြီးချုပ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးတို့က ပန်းပွင့်ချလို့ လွန်သူတွေအတွက် ဆုတောင်းပေးကြတယ်။
  • အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၀၂ အောက်တိုဘာ ၁၂ က ဂျမား အစ္စလာမ် စစ်သွေးကြွအဖွဲ့က ဗုံးခွဲခဲ့လို့ ၂၁ နိုင်ငံက လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ပါတယ်။
  • ဘာလီဗုံးခွဲအကြမ်းဖက်မှုကြီး ၁၀ နှစ်ပြည့် အခမ်းအနားတက် မိသားစုဝင် အမျိုးသားတဦး ကြိတ်မှိတ် ကြေကွဲနေတာ ဖြစ်ပါတယ်။
  • သေသောသူ ကြာရင်မေ့ စကားရှိပေမယ့်လည်း ဆယ်စုနှစ် တခုကြာချိန်အထိ ဆွေမျိုးသားချင်းတွေကို မမေ့နိုင်ဘဲ ပူဆွေးနေသူတွေလည်း ရှိပါတယ်။
  • ကြေကွဲ ဝမ်းနည်း ပူဆွေးမှုဟာ မျက်ရည်တွေကို ထိန်းသိမ်းဖို့ ခက်လှပါတယ်။
  • လွန်သူတွေအတွက် ပန်းတွေချကြ၊ ဖယောင်းတိုင်တွေ ထွန်းကြနဲ့ ပူဆွေးမှုကို အသပ်ရပ်ဆုံး၊ အလှပဆုံး ဖော်ကျူးလို့ ဆုမွန်တောင်းကြတယ်။
  • လွန်သူတွေရဲ့ ဓာတ်ပုံတွေကို ဆုပ်ကိုင် အုပ်ကိုင်လို့လည်း ဝမ်းနည်းမှုတွေနဲ့အတူ လှိုက်တက်လာတဲ့ ခံစားမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ကြတယ်။
  • လွန်သူတွေရဲ့ ဓာတ်ပုံတွေရှေ့တင်ပဲ တဦးနဲ့တဦး နှစ်သိမ့်အားပေး ပူဆွေးကြသူများလည်း ရှိပါတယ်။
  • မိခင်တွေကတော့ အခံစားရဆုံး လူသားတွေလို့ပဲ ဆိုနိုင်ပါတယ်။
  • သမီးရဲ့ ရုပ်ပုံကားချပ်လေးကို ရင်မှာပိုက်လို့ တမ်းတ ပူဆွေးတတ်သူတွေဟာလည်း အမေတွေပါပဲ။
  • ချစ်ချစ်ခင်ခင်ဘဝတွေကနေ အကြမ်းဖက်သမားတွေကြောင့် လွမ်းလွမ်းဆွေးဆွေးဘဝတွေဆီ သူတို့တွေမှာ ရုတ်တရက်ကို ရောက်ခဲ့ကြရတယ်။
  • ခံစားချက်ကို မထိန်းနိုင်သူတွေကတော့ နှစ်တွေ ဘယ်လောက်ကြာကြာ မနေ့တနေ့ကလိုပဲမို့ လွန်လွန်ကျူးကျူး ခံစားနေရဆဲ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။