သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အောက်တိုဘာ ၁၂ တမိနစ် သတင်း ဗီဒီယို

  • 12 အောက်တိုဘာ 2012

နော်ဝေနိုဗယ်လ်ဆုရွေးချယ်ရေးကော်မတီက ၂၀၁၂ အတွက် ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကို ဥရောပသမဂ္ဂကို ချီးမြှင့် ပေးအပ်လိုက်ပါတယ်။

၂၀၁၂ အတွက် စာပေဆိုင်ရာ နိုဗယ်လ်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ တရုတ်စာရေးဆရာ မိုယန်းက တရုတ်ပြည်မှာ အကျဉ်းကျနေတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် လူရှောင်ဘိုတယောက် မကြာမီ လွတ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်အလိုမှာ ဒုတိယသမ္မတလောင်း နှစ်ဦးရဲ့ တကြိမ်ထဲသော စကားစစ်ထိုးပွဲမှာ ဒီမိုကရက်က ဂျိုး ဘိုင်ဒင်နဲ့ ရီပတ်ဘလေကန် ပေါ ရိုင်ယန်တို့ နိုင်ငံတော် လုံခြုံရေး၊ အခွန်ကောက်ယူမှု စနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကြောင်းတွေကို အကြိတ်အနယ် ပြောဆိုခဲ့ကြပါတယ်။