BBC navigation

သူရဲကောင်း မိန်းကလေး မာလာလာ

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 13:57 GMT

မိန်းကလေး မာလာလာကို ထောက်ခံကြသူများ

  • တာလီဘန်တွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တဲ့ မာလာလာ ယူဆွတ် ဇာအီ
  • အသက် ၁၄ နှစ်ရွယ် မိန်းကလေးကို တာလီဘန်တွေက အောက်တိုဘာ ၉ က ခေါင်းကို သေနတ်နဲ့ ပစ်ခတ်ပြီး သတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
  • တာလီဘန်တွေကို ပါကစ္စတန် နိုင်ငံရေးပါတီ Muttahida Qaumi Movement (MQM) ဦးဆောင်လို့ ရှုတ်ချခဲ့ကြပါတယ်။
  • မိန်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ မားမားမတ်မတ် ရှေ့ကထွက်ရပ်လို့ တောင်းဆိုခဲ့တဲ့ မာလာလာအတွက် ကျောင်းသူ ကျောင်းသားတွေက ဆုတောင်းပေးကြတယ်။
  • မိန်းကလေးငယ်ဟာ မတရားတာကို မခံဘဲ လုပ်ရပ်မှန်တဲ့အတွက် သူရဲကောင်းကြီး ဖြစ်လာခဲ့ပါပြီ။
  • အခုတော့ သူကျန်းမာရေး အမြန်ပြန်ကောင်းလာစေဖို့ အားလုံးက ဝိုင်းပြီး ဆုတောင်းနေကြပါတယ်။
  • ပါကစ္စတန်စစ်ဆရာဝန်တွေက မာလာလာကို ယူကေနိုင်ငံကို ပို့ဆောင်ပြီး ဆက်လက် ကုသမှု ခံယူနိုင်ဖို့ ပြင်ဆင် ပို့ဆောင်နေကြတာ ဖြစ်ပါတယ်။
  • မာလာလာကို ယူကေနိုင်ငံ၊ ဘာမင်ဂမ်မြို့က ဘုရင်မ အယ်လိဇဘတ် ဆေးရုံကို ခေါ်ဆောင်လာကြတာ ဖြစ်ပါတယ်။
  • မာလာလာကို ဆက်လက် ကုသပေးမယ့် ဘာမင်ဂမ်မြို့က ဘုရင်မ အယ်လိဇဘတ် ဆေးရုံကြီး
  • မာလာလာကြောင့် အခုတော့ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ အကြောက်တရား နောက်ထားလို့ အသံကျယ်ကျယ် ထွက်လာကြပါပြီ။
  • မာလာလာကို သူရဲကောင်း တယောက်လို အားကျလို့ ထောက်ခံသူတွေ များလာခဲ့ပါပြီ။
  • မျက်လုံးသာ ဖော်ပြခွင့်ရပေမယ့် နှလုံးသား တခုလုံးကနေ မာလာလာကို ထောက်ခံကြပါပြီ။
  • မာလာလာကို တကယ့် သူရဲကောင်းလို့ အားလုံးက အသိအမှတ်ပြုလာတာဟာ တာလီဘန်အကြောက်တရားအောက်က မိန်းကလေးတွေအတွက်တော့ အားဆေးပဲ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။