BBC navigation

သမ္မတရဲ့ သတင်းစာ ရှင်းလင်းပွဲ

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 17:32 GMT

သမ္မတရဲ့ သတင်းစာ ရှင်းလင်းပွဲ

  • President U Thein Sein
    သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့် သမ္မတ အိမ်တော်က သံတမန် ခန်းမထဲကို စတင် ဝင်ရောက်လာ ပါတယ်။
  • President U Thein Sein
    သမ္မတ ရာထူးယူပြီးနောက် အခုလို ပြည်တွင်း သတင်းထောက်တွေကို တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်တာဟာ ဒါ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။
  • President U Thein Sein
    သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာ မှာတော့ သမ္မတက သူသွားရောက်ခဲ့တဲ့ ပြည်ပ ခရီးစဉ် အကြောင်းနဲ့ အတူ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကိစ္စ၊ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး ကိစ္စ၊ မြန်မာနိုင်ငံမှာ OIC ရုံး ဖွင့်ရေး ကိစ္စ...
  • President U Thein Sein
    ကချင်ဒေသ ငြိမ်းချမ်းရေး ကိစ္စ စတဲ့ ကိစ္စရပ်တွေ အပါအဝင် လက်ရှိ မြန်မာ့ နိုင်ငံရေး ကိစ္စ ရပ်တွေနဲ့ ပတ်သက်လို့ အဓိက ပြောကြားသွားပါတယ်။
  • President U Thein Sein
    အမေရိကန် ခရီးစဉ်အတွင်း ဘီဘီစီ Hardtalk မေးမြန်းခန်း အစီအစဉ်မှာ ဖြေကြားခဲ့ကြောင်း၊ ဒါဟာ အင်မတန် ခက်ခဲတဲ့ မေးမြန်းခန်း ဖြစ်တယ်လို့ သမ္မတ ကပြောပါတယ်။
  • President U Thein Sein
    အာဆီယံနိုင်ငံ တချို့ ခေါင်းဆောင်တွေတောင် ဘီဘီစီ Hardtalk နဲ့ မတွေ့အောင် ရှောင်ကြတယ် ဆိုပဲ။
  • President U Thein Sein
    မီဒီယာ သမားတွေ ကို စိတ်ရှည်ရှည်ထား ဖြေကြား ပေးဖို့ ဝန်ကြီးဌာနတွေကိုလည်း မှာကြားထားတယ်လို့ ဆိုပါတယ်။
  • President U Thein Sein
    သတင်းစာ ရှင်းလင်းပွဲ အပြီး သတင်းထောက် တွေနဲ့ အတူ အမှတ်တရာ ဓာတ်ပုံ ရိုက်ကူးခဲ့။
  • သမ္မတ အိမ်တော်ဝင်း အပြင်ဘက်မှာတော့ လုံခြုံရေးကို အထူး ချထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။