BBC navigation

ဖွက်ထားခဲ့တဲ့ ဘီဘီစီလိင်မှုအရှုပ်တော်ပုံ

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 14:42 GMT

ဖွက်ထားခဲ့တဲ့ ဘီဘီစီလိင်မှုအရှပ်တော်ပုံ

  • ဘီဘီစီရဲ့ လွန်လေသူ နာမည်ကျော် ရုပ်သံ တင်ဆက်သူ ဂျင်မီ ဆာဗေးလ်ဟာ နှစ်ပေါင်းများစွာ အမျိုးသမီးငယ်တွေနဲ့ လူပေါင်းများစွာကို လိင်မှုဆိုင်ရာ မတော်မတရားမှု လုပ်ခဲ့တာကို ဘီဘီစီက သိပါရက်နဲ့ ဖုံးကွယ်ခဲ့တယ်လို့ စွပ်စွဲမှုအပေါ်မှာ ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ် ဂျော့ အန်းဝစ္စတဲလ် (ပုံ) က ပါလီမန်မှာ အမတ်တွေရဲ့ ပြင်းပြင်းထန်ထန် မေးခွန်းတွေကို ရင်ဆိုင် ဖြေခဲ့ရပါတယ်။
  • ပါလီမန်အမတ်တွေရဲ့ ပြင်းထန်စူးရှတဲ့ မေးခွန်းတွေကို ဖြေအပြီးမှာတော့ မီဒီယာတွေကို ရင်ဆိုင်ဖို့ မောင်းတင်ရပြန်ပါတယ်။
  • မီဒီယာသမားတွေက ဘီဘီစီ အကြီးအကဲကို ဝိုင်းထားလိုက်ကြပါပြီ၊ ဘီဘီစီဟာ သတင်းမှန်တယ်၊ ပရိသတ်တွေရဲ့ ယုံကြည်မှုကို အပြည့်ရတယ်လို့ ဆိုပေမယ့် အခုတော့ အကြီးအကျယ် စုံစမ်း စစ်ဆေးမှု ခံရပါတော့မယ်။
  • ဘီဘီစီရဲ့ နာမည်ကြီး ရုပ်သံတင်ဆက်သူက လိင်မှုဆိုင်ရာ စော်ကားမှုတွေကို တခါတခါ ဘီဘီစီ အဆောက်အဦးထဲမှာတင်ကို လုပ်ခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
  • ဂျော့ အန်းဝစ္စတဲလ်ဟာ မကြာသေးမီက ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတာပါ။ အခုတော့ အားလုံး သူ့ခေါင်းပေါ် ရောက်လာခဲ့ပါပြီ။ တာဝန်ခံ၊ တာဝန်ယူ ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။
  • မဟုတ်တာ လုပ်ခဲ့တာတွေဟာ သေသွားတာတောင် ပျောက်မသွားပါဘူး။ အရိပ်တခုလို အမြဲလိုက်နေတာ ဖြစ်ပါတယ်။ လုပ်ခဲ့သူကတော့ သေသွားခဲ့ပါပြီ၊ ကျန်လူတွေက တာဝန်ယူ၊ တာဝန်ခံ ရှင်းရမှာ ဖြစ်ပါတယ်။
  • ဘီဘီစီရဲ့ အခုလိင်အရှုပ်တော်ပုံဟာ ဘီဘီစီအတွက်တော့ အလွန်ကို အရှက်ရစရာ ဖြစ်ပါတယ်။ အထူးကတော့ ဒီလို လိင်ကိစ္စလုပ်ခဲ့တာတွေကို ဖော်ထုတ်တင်ပြနိုင်ရက်နဲ့ ဘာကြောင့် ရုပ်သံ အစီအစဉ်ကနေ မထုတ်လွှင့်ခဲ့သလဲဆိုတဲ့ အငြင်းထွက်စရာ မေးခွန်းပါ။
  • ဖြေဆိုခဲ့ပြီးပြီဆိုပေမယ့် ကျန်နေသေးမယ့် မဆုံးနိုင်တဲ့ မေးခွန်းတွေရော၊ တကယ့် အဖြစ်မှန်တွေ ထွက်လာတဲ့ အခါမှာပါ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်ပါ့မလား၊ သူဒီလို ရယ်နိုင်ပါ့မလား။ စောင့်ကြည့်ရပါလိမ့်မယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။