BBC navigation

အောက်တိုဘာ ၂၃ တမိနစ် သတင်း ဗီဒီယို

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 18:08 GMT

မီဒီယာ ပလေးယား

အောက်တိုဘာ ၂၃ တမိနစ် သတင်း ဗီဒီယို

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

နိုဝင်ဘာ ၆ အမေရိကန် သမ္မတရွေးကောက်ပွဲအကြို တတိယနဲ့နောက်ဆုံး စကားစစ်ထိုးပွဲအဖြစ် သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် ရီပတ်ဘလေကန် မစ် ရွမ်နေတို့ မနေ့ည နိုင်ငံခြားမူဝါဒအကြောင်း အထူးပြု ပြောဆိုကြပါတယ်။ ရွမ်နေက သမ္မတအိုဘားမားရဲ့ အမေရိကန်အတွက် ကမ္ဘာ့ရေးရာ ဦးဆောင်မှုတွေမှာ ပျော့ညံ့တယ်လို့ စွပ်စွဲပြောဆိုပြီး အိုဘားမားကလည်း ရွမ်နေဟာ အမေရိကန် နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး ပြောဆိုသမျှတွေဟာ တလွဲတွေပဲလို့ ပြောပါတယ်။

အီရတ်နိုင်ငံမြို့တော် ဘက္ကဒက်ရဲ့ ရှီယာတွေနေတဲ့ ရပ်ကွက်တွေမှာ တိုက်ခိုက်မှုတွေဖြစ်လို့ အနည်းဆုံး လူခုနစ်ဦး သေဆုံး သွားပါတယ်။ မွတ်ဆလင်တွေအတွက် အီးဒ်ပွဲတော် မတိုင်ခင်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ရာဇဝတ်မှုတွေကျူးလွန်ရာမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲမှုတွေ အများကြီးထွက်ခဲ့ပြီး တလမတိုင်ခင်မှာပဲ ဂျပန်တရားရေးဝန်ကြီး ကိုင်ရှု တာနာကာဟာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ မီဒီယာတွေက ဝန်ကြီးဟာ ယာကူဇာဂိုဏ်းတခုနဲ့ ပတ်သက်ခဲ့ဖူးတယ်လို့ တိတိကျကျ ဖော်ထုတ်တင်ပြပြီးနောက်မှာ ဝန်ကြီး ထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။