BBC navigation

မိုဘီဂျီနိုနဲ့ နန်းခင်ဇေယျာ

နောက်ဆုံး ရေးသားချိန် 29 အောက်တိုဘာလ 2012 - 18:43 GMT

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Nang Khin Zay Yar

ဒီတပတ်မှာတော့ Miss International နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် နန်းခင်ဇေယျာအကြောင်း တင်ဆက်ထားပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ဂျပန်နိုင်ငံ အိုကီနာဝါမှာ ကျင်းပတဲ့ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲမှာ အသက် ၂၄ နှစ်အရွယ်၊ ဥပဒေဘွဲ့ရ နန်းခင်ဇေယျာဟာ ဆုကြီးတွေကို မချိတ်ပေမယ့် အင်တာနက်ကနေ မဲပေးကြတဲ့ အင်တာနက် အလှမယ်ဆု၊ အင်တာနက် ကနေပဲ ပေးတဲ့ ပရိတ်သတ် အကြိုက်ဆုံးဆု တွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါဟာဆိုရင် နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံကနေ ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ ဝင်ပြိုင်နိုင်တာလည်း ဖြစ်ပါတယ်။

အင်တာနက် သုံးတဲ့ မြန်မာတိုင်း သူ့သတင်းကို ဖတ်မိကြသလို သူ့ရဲ့ ဘီကီနီ ရေကူး ဝတ်စုံနဲ့ ဓာတ်ပုံတွေ မြင်တွေ့ခဲ့ရပါတယ်။ မြန်မာဂျာနယ်တချို့မှာ နှစ်ပေါင်းများစွာအတွင်း အဲဒီလို အလှမယ်ပုံတွေ ပထမဆုံး ဖော်ပြတာမို့ ထူးထူးဆန်းဆန်း ဖြစ်ခဲ့ကြပါတယ်။ အားပေးသူတွေ များသလို ဝေဖန်မှု တချို့လည်း ထွက်ခဲ့ပါတယ်။

နန်းခင်ဇေယျာနဲ့ အင်တာဗျူး အစီအစဉ်ကို ဒီမှာ နားဆင်နိုင်ပါတယ်။

နန်းခင်ဇေယျာ

နန်းခင်ဇေယျာ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးနဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။