BBC navigation

အမေရိကန် အရှေ့ခြမ်းကို မွှေသွားတဲ့ စန္ဒီ

နောက်ဆုံး ရေးသားချိန် 30 အောက်တိုဘာလ 2012 - 19:06 GMT

စန္ဒီဟာရီကိန်းရဲ့ အဖျက်အဆီး

  • Hurricane Sandy
    အောက်တိုဘာ ၂၉ ရက်ညက ဝင်မွှေသွားတဲ့ စန္ဒီ မုန်တိုင်းကြီးကြောင့် နယူးယောက်မြို့ ဘရွတ်ကလင်း ရပ်ကွက်မှာ တင်ကျန် တွေ့ရတဲ့ အမှိုက်သရိုက် အပျက်အစီး အပိုင်းအစတွေ။
  • Hurricane Sandy
    မုန်တိုင်းကြောင့် နယူးယောက် မြေအောက်ရထားလိုင်းတွေလဲ ရေဝင်၊ မြို့နေရာ တော်တော်များများမှာလည်း မီးတွေ ပြတ်တောက်ကုန်ပါတယ်။
  • Hurricane Sandy
    နယူးယောက် ဆိပ်ကမ်းအာဏာပိုင်ရုံးထဲကို ဓာတ်လှေကားထဲက တဆင့် ဒလဟော အဝင်ကြမ်းနေတဲ့ ရေလှိုင်းကြီး။
  • Hurricane Sandy
    မုန်တိုင်းကြောင့် မြင့်တက်လာတဲ့ ဒီလှိုင်းကြီးတွေကို ထွက်လာပြီး ကြည့်နေတဲ့ နယူးဂျာစီ မြို့သားတွေ၊ သမ္မတ အိုဘားမားက ဒီမုန်တိုင်းကြောင့် သဘာဝ ကပ်ဘေးဆိုးကြီး ကြုံရတဲ့ အခြေအနေတွေ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
  • Hurricane Sandy
    တဖက်မှာ မုန်တိုင်းကြောင့် လေကြမ်း၊ လှိုင်းကြီးသလို ဗာဂျီးနီးယား ပြည်နယ် အနောက်ခြမ်းမှာတော့ နှင်းတွေကျလာ ခဲ့တာကိုလည်း တွေ့ရ။
  • Hurricane Sandy
    အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ နစ်တဝက်ပေါ်တဝက် ဖြစ်နေတဲ့ ပေ ၁၈၀ ရှိတဲ့ ရွက်လှေ HMS Bounty.
  • Hurricane Sandy
    နယူးယောက် တက္ကသိုလ်ဆေးရုံမှာတော့ မီးပြတ်သွားလို့ လူနာတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရ။
  • Hurricane Sandy
    မုန်တိုင်းကြောင့် ရေကြီး မိုးကြီးပြီး နှစ်ရက်လောက်ဆက်တိုက် မိုး ဆက်ရွာနေဦးမယ်လို့ ခန့်မှန်းထား။
  • Hurricane Sandy
    အောက်တိုဘာယ ၂၉ ရက် ညက နယူးယောက် ငွေကြေးစျေးကွက်ရှိရာ ရပ်ကွက်ကို လှိမ့်ဝင်လာနေတဲ့ ရေပြင်ကြီး။
  • Hurricane Sandy
    မုန်တိုင်း တည့်တည့် ဝင်မတိုက်ခင်လေးမှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မီးတွေ ဖြတ်ထားလိုက်ချိန်မြင်ရတဲ့ နယူးယောက်က မန်ဟတ်တန် ရပ်ကွက်ရဲ့ မြင်ကွင်း။
  • Hurricane Sandy
    အောက်တိုဘာ ၃၀ ရက် နေ့မနက်မှာတော့ ဟာရီကိန်းကြီး ချန်ရစ်တဲ့ အပျက်အစီးတွေကို နယူးယောက် ကမ်းခြေမှာ ပုံလျက်သား တွေ့ခဲ့ရပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။