BBC navigation

နှာခေါင်းနဲ့ ပုလွေမှုတ်တဲ့ ဒိုင်လူမျိုး ဓလေ့

နောက်ဆုံး ရေးသားချိန် 4 နိုဝင်ဘာလ 2012 - 20:42 GMT

မီဒီယာ ပလေးယား

ဒေသတခုလုံး တယောက်တည်းသာ ကျန်တော့တဲ့ နှာခေါင်းနဲ့ ပုလွေမှုတ် ချင်းတိုင်းရင်းသား နွယ်၀င် ဒိုင်လူမျိုး ဦးကြီးရဲ့ အမေ့ခံ ပုံရိပ်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ချင်းတိုင်းရင်းသား ဒိုင်လူမျိုး ရိုးရာ ဓလေ့အရ နှာခေါင်းနဲ့ ပုလွေမှုတ် နေပုံ

၁၄ ရာစု တည်းက ပေါ်ပေါက်ခဲ့တဲ့ ပုလွေ တူရိယာ ဟာ သုံးပေါက် ၊ လေးပေါက် အစရှိသဖြင့် ခေတ်အဆက်ဆက် လူမျိုးတိုင်းမှာ ရှိတဲ့ ရိုးရာ ဓလေ့ တူရိယာ တမျိုးဖြစ်ပါတယ်။

မြန်မာနိုင်ငံ ချင်းတိုင်းရင်းသား တွေထဲက ဒိုင်လူမျိုး တွေရဲ့ ဓလေ့ အရ ပါးစပ်ကနေ မှုတ်လို့ ခက်တဲ့ ပုလွေကို သူတို့က နှာခေါင်းကနေ မှုတ်လေ့ ရှိပါတယ်။

အခုတော့ ဒေသ တခုလုံး ရိုးရာ ဓလေ့အရ နှာခေါင်းနဲ့ ပုလွေမှုတ်တက်တဲ့ ပညာကို အသက်ငါးဆယ်ကျော် ဒိုင်လူမျိုး ချင်းတိုင်းရင်းသားကြီး တယောက် တည်းသာ မှုတ်တက် တော့တာမို့ ဒီအမွေကို ဘယ်လို လက်ဆင့် ကမ်းကြမလဲ ဆိုတာကို အမေ့ခံ ပုံရိပ်များ အစီအစဉ်မှာ တင်ဆက် ပေးထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။