BBC navigation

ရွှေဘိုအနီး အင်အားပြင်း ငလျင်လှုပ်

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 15:55 GMT

ရွှေဘိုအနီး အင်အားပြင်း ငလျင်လှုပ်

  • တနင်္ဂနွေမနက် ၈ နာရီမထိုးခင်မှာ ပြင်းအား ၆.၈ ရှိ ငလျင်ကြောင့် ရွှေဘိုအနီး ကျောက်မြောင်းမြို့နယ်က ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)သံဘောင် ပြိုကျ။
  • ဒီတံတားဟာ ဆောက်လုပ်ဆဲ တံတား ဖြစ်ပါတယ်။
  • တံတားအောက် မြစ်ပြင်ပေါ်မှာ ရှိနေတဲ့ လူတွေကို ထိခိုက်မှု ရှိခဲ့ပြီး၊ အသေ အပျောက်ရှိ။
  • ထိခိုက်ပျက်စီးသွားတဲ့ (ရတနာသိင်္ဃ)တံတားကို အများပြည်သူ လာရောက်ကြည့်ရှု။
  • စေတီပုထိုးတွေလည်း အနည်းနဲ့ အများ ဆိုသလို ပြိုကျ ပျက်စီးခဲ့ပါတယ်။
  • ကျောက်မြောင်း မြို့နယ် မလား ရွာက စေတီတော်လည်း ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားပါတယ်။
  • ငလျင်ဒဏ် ခံလိုက်ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း။
  • ကျောက်မြောင်း မြို့နယ်ထဲကပဲ နောက်ထပ် ထိခိုက်သွားတဲ့ စေတီတဆူ။
  • ကျောက်မြောင်းမြို့နယ်မှာ ငလျင်ဒဏ် ခံခဲ့ရသူတွေ၊ ရွက်ဖျင် အမိုး အရိပ်အောက်မှာ ခေတ္တ ခိုလှုံနေရ။
  • ရွက်ဖျင်အောက်၊ ယာယီ ခိုလှုံနေသူတွေ ထဲမှာ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးငယ် တွေလည်း ပါပါတယ်။
  • ကျောက်မြောင်းမြို့နယ်တွင်းက အိမ်တချို့လည်း အခုလို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့။
  • တိုက်အိမ်တွေပါ အက်ကွဲ ပြုကျကုန်ပါတယ်။
  • လမ်းတွေလည်း အက်ကွဲ ကုန်ပါတယ်။
  • မန္တလေးမြို့က ၂၅ ထပ်ရှိ အမြင့်ဆုံး မန်းမြန်မာ ပလာဇာ ရဲ့ မှန်ပြတင်းတွေလည်း ကွဲထွက်ကုန်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။