BBC navigation

မိုဘီဂျီနိုနဲ့ သမ္မတရွေးပွဲ

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 02:09 GMT

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်အစီအစဉ်မှာတော့ . . .

Nay Chi Win

မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က လူငယ် ကိုယ်စားလှယ်တစ်ဦးရဲ့ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ လေ့လာရေး ခရီးအကြောင်း တင်ဆက် ပေးထားပါတယ်။

NLD ဗဟိုကော်မရှင်ရုံးအဖွဲ့ဝင် ကိုနေခြည်ဝင်းဟာ အမေရိကန်အစိုးရက ဖိတ်ခေါ်တဲ့ နိုင်ငံ ၃၀ က လူငယ် ကိုယ်စားလှယ် တွေ ထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၆ ရက် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ ဘရက် အိုဘားမား ဘယ်လို အနိုင်ရခဲ့လဲ၊ လက်ရှိ သမ္မတ နဲ့ ရီပတ်ဘလင်ကင်က သမ္မတလောင်းတို့ ဘယ်လို မဲဆွယ် စည်းရုံးကြလဲ၊ ရွေးကောက်ပွဲအတွင်း လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန် နိုင်ငံရေးအပေါ် မြန်မာလူငယ်တစ်ဦးရဲ့ အမြင်တွေကို တင်ဆက်ပေးထားပါတယ်။

ကိုနေခြည်ဝင်း ပြောထားတာကို ဒီမှာ နားဆင်နိုင်ပါတယ်။

နေခြည်ဝင်းနဲ့ အင်တာဗျူး

နေခြည်ဝင်းနဲ့ အင်တာဗျူး

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မိုဘီဂျီနို

မိုဘီဂျီနို ကဏ္ဍနဲ့ ပတ် သက်ပြီး သောတရှင်တို့အနေနဲ့ ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။ အီးမေးနဲ့ဆိုရင် burmese@bbc.co.ukဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် နေသလို မျိုးဆက်သစ် လူငယ်တွေအနေနဲ့လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ထင်မြင်ယူဆချက်တွေ၊ အနာဂတ် အိပ်မက်တွေအကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ အမြဲ ဖိတ်ခေါ်လျက်ရှိ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။