BBC navigation

အိန္ဒိယဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီအတွက် စစ်မှန်တဲ့ မဟာမိတ်လား

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 16:07 GMT

မီဒီယာ ပလေးယား

နားဆင်နိုင်ပါတယ်။

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ စတင်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နာရီပိုင်းလောက်ကဘဲ အိန္ဒိယရဲ့ ပထမဆုံးသမ္မတ ဂျဝါဟာလာနေရူးရဲ့ ၁၂၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲမှာ ဟောပြပို့ချခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အစပိုင်း က ထောက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ နအဖနဲ့ နဝတ စစ်အစိုးရနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ထူထောင်ခဲ့ပါတယ်။

ဒီတော့ကာ အိန္ဒိယဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် တကယ့်စစ်မှန်တဲ့ မဟာမိတ်တဦးဖြစ်ပါသလား။

သောတရှင်တို့ရဲ့ အမြင် သဘောထားတွေကို နိုဝင်ဘာ ၁၄ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

သောတရှင်တွေနဲ့အတူ ၁၉၉၀ ရွေးကောက်ပွဲရွေးကောက်ခံအမတ်ဖြစ်ပြီး အခု ဘားမားစင်တာဒေလီရဲ့ ဥက္ကဌ ဒေါက်တာတင့်ဆွေ နဲ့ မဇ္ဇျိမ သတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း 00959 တို့ကို ပါဝင်ဆွေးနွေးခဲ့ကြတာကို နားဆင်နိုင်ပါတယ်။

နားထောင်ပြီး တခုခု ပြောလိုရင်ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။