BBC navigation

မိုဘီဂျီနိုနဲ့ ဂျေဆင်မရပ်ဇ်

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 21:11 GMT

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Jason Mraz in Burma

ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေစဉ်

ဒီဇင်ဘာလ ၁၆ ရက်၊ တနင်္ဂနွေညက ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားခြေရင်းက ပြည်သူ့ ရင်ပြင်မှာ လူ သောင်းနဲ့ချီပြီး လာအားပေးကြတဲ့ ဂီတပွဲကြီးတစ်ခု ကျင်းပခဲ့ပြီး အဲဒီပွဲမှာ ဂရမ်မီဆုရ ကမ္ဘာကျော် အဆိုတော် Jason Mraz လည်း ပါဝင် သီဆိုခဲ့ပါတယ်။

နိုင်ငံတကာ ဂီတရုပ်မြင်သံကြား လိုင်းဖြစ်တဲ့ MTV ရဲ့ MTV Exit အစီအစဉ်ကနေ ဒီဂီတပွဲကြီးကို တင်ဆက်ခဲ့တာပါ။

MTV Exitအစီအစဉ်ဟာ မြန်မာနိုင်ငံအပါအဝင် လူကုန်ကူးမှု အန္တရာယ်ရှိနေတဲ့ နိုင်ငံအသီးသီးမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ဒါတွေကို လူတွေ သိအောင် အသိပညာပေး လှုံ့ဆောင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒီလို ဂီတပွဲ ကျင်းပကြတဲ့အပြင် ဒီအကြောင်း ရုပ်မြင်သံကြား ကနေလည်း ထုတ်လွှင့် ပြသပါတယ်။

ဒီပွဲမှာ မြန်မာပြည်က လူငယ် အဆိုတော်တွေ ဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ အာဇာနည်၊ ဖြိုးကြီး ၊ ချစ်သုဝေ စတဲ့ အဆိုတော်တွေလည်း ပါဝင် ဖျော်ဖြေကြ ပါတယ်။

အခု မိုဘီဂျီနို အစီအစဉ်မှာ ဂျေဆင် မရပ်ဇ် သီးသန့် မေးမြန်းထားပြီး ဒီဂီတပွဲမှာ သူ ဘာကြောင့် ပါဝင်ဖြစ်လဲ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးကို သူဘာကြောင့် စိတ်ဝင်စားတာလဲ၊ သူ့သီချင်းတွေ ဂရမ်မီ ဆု ဘာကြောင့် ရခဲ့သလဲ၊ သူ သီချင်း ဘယ်လို ရေးသလဲ စတာတွေကို မေးမြန်းထားပါတယ်။

ဂျေဆင် မရပ်ဇ်နဲ့ သီးသန့် မေးမြန်းထားတဲ့ အစီအစဉ်ကို နားဆင်ရန်

မိုဘီဂျီနိုနဲ့ ဂျေဆင်မရပ်ဇ်

မိုဘီဂျီနိုနဲ့ ဂျေဆင်မရပ်ဇ်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi - Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန် အကြုံပြုလိုရင်ဖြစ်ဖြစ်၊ကိုယ့်ရဲ့ စိတ်ဝင်စားဖွယ် အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ အနာဂတ်အိပ်မက်တွေကို ဝေမျှ ပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်က ဆိုရင်တော့ စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။