BBC navigation

ပြေးရင်းလွှားရင်း မွေးရတဲ့ အမေ့ခံပုံရိပ်

နောက်ဆုံး ရေးသားချိန် 23 ဒီဇင်ဘာလ 2012 - 20:44 GMT

မီဒီယာ ပလေးယား

လူမျိုးရေး ပဋိပက္ခကြောင့် ထွက်ပြေးရင်း လမ်းမှာ မီးဖွားရတဲ့ ကမာန် အမျိုးသမီးတယောက် အကြောင်း

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ပင်လယ်ပြင် ထွက်ပြေးရင်း မီးဖွားရတဲ့ ကမာန် အမျိုးသမီးနဲ့ ရင်သွေးငယ်

ကမာန် လူမျိုး ဆိုတာ ရခိုင်လူမျိုးထဲက မျိုးနွယ်စု တခု ဖြစ်ပြီး မူဆလင် ဘာသာကို ကိုးကွယ်လေ့ ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းက ရခိုင်နဲ့ ဘင်္ဂလီ မူဆလင် အရေးအခင်းမှာ ကမာန် လူမျိုးတွေလည်း ပဋိပက္ခ အကျိုး သက်ရောက် ခံစားခဲ့ရပါတယ်။

ရမ်းဗြဲမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် နေထိုင်လာပြီး ကျောက်ဖြူမှာ အိမ်ထောင်ကျလို့ ကလေး လေးယောက်နဲ့ နေထိုင်နေရာက အောက်တိုဘာ ၂၃ ရက်နေ့ ညမှာ အိမ်တွေ မီးရှို့ ခံရလို့ ပင်လယ်ထဲ လှေနဲ့ ထွက်ပြေးခဲ့ရတာပါ။

လွယ်ထားတဲ့ ကိုယ်ဝန်အရင့်အမာကြောင့် ထွက်မပြေးချင်ပေမယ့်လည်း လက်ခံထားမယ့် သူမရှိတာကြောင့် ပင်လယ်ပြင်မှာ ပြေးရင်းလွှားရင်း လှေပေါ်မှာ မီးဖွားခဲ့ရတဲ့ အတွေ့အကြုံ အမေ့ခံ ပုံရိပ်တွေကို မစန္ဒာက တင်ဆက် ပေးထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။