BBC navigation

NLD ပညာရေး ရန်ပုံငွေပွဲ

နောက်ဆုံး ရေးသားချိန် 29 ဒီဇင်ဘာလ 2012 - 18:35 GMT

NLD ပညာရေး ရန်ပုံငွေပွဲ

  • ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ယက်၂ နှစ် ပြည့် ရန်ပုံငွေ ကောက်ခံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
  • မြန်မာ နိုင်ငံ လွတ်လပ်ရေး သမိုင်း နဲ့ နိုင်ငံရဲ့ အရေးပါတဲ့ သမိုင်း ဖြစ်စဉ်တွေ မှာ အဓိက ပါဝင်ခဲ့ တဲ့ ရန်ကုန် တက္ကသိုလ်ကို မွမ်းမံဖို့ နဲ့ အဆင့်မြင့် တက္က သိုလ် ဖြစ်ရေး လုပ်ငန်းကို မကြာခင် စတင်တော့ မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား။
  • အခမ်းအနား ဖွင့်တယ်ဆိုရင်ပဲ အလှူငွေ ကျပ် သိန်း ၇၅၀ အထိ ရရှိခဲ့ပါတယ်။
  • ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးထားတဲ့ ဆွယ်တာ အင်္ကျီ တထည်ကို ပညာရေး ရန်ပုံငွေ အတွက် လေလံတင်ရောင်းချရာ...
  • ရွှေ FM ရေဒီယို ဥက္ကဌ ဒေါ်နန်းမောက် လောဆိုင်း က ကျပ်ငွေ ၄၁၅ သိန်းနဲ့ အမြင့်ဆုံး စျေးပေး ပြီး ဝယ်သွားပါတယ်။
  • NLD နာယက ဦးတင်ဦးလည်း ဒီပွဲကို တက်ရောက်ခဲ့ပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ကြိုဆိုခဲ့ကြပါတယ်။
  • ဒီဇင်ဘာ ၂၈ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က သူကိုယ်တိုင် ထိုးခဲ့တဲ့ သိုးမွေးထည်ကို လေလံတင်ခဲ့ရာ...
  • အမည်မဖေါ်လိုသူ တဦးက ကျပ်သိန်း ၆၃၀ ပေးပြီး လေလံ အောင်သွားခဲ့ပါတယ်။
  • ဒီဇင်ဘာ ၂၈ ရက် ညမှာတော့ Iron Cross ဂီတအဖွဲ့ကနေ လာရောက် ဖျော်ဖြေခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။