BBC navigation

ငါးမန်းတောင် စားသုံးမှုတွေ မလျော့သေး

နောက်ဆုံး ရေးသားချိန် 3 ဇန်နဝါရီလ 2013 - 15:26 GMT

ငါးမန်းတောင်စျေးကွက် အားမလျော့သေး

  • Shark fins
    ဟောင်ကောင်က လောလောလတ်လတ် ဖြတ်တောက်ထားတဲ့ ငါးမန်းတောင်တွေ ပြည့်နေတဲ့ စက်ရုံ ခေါင်မိုး တခု။
  • Shark fins
    အခြောက်လှမ်းထားတဲ့ ငါးမန်းတောင် စုစုပေါင်း တစ်သောင်းခွဲက နှစ်သောင်းကြားရှိလိမ့်မယ်လို့ ဇီဝမျိးကွဲ ထိမ်းသိမ်းရေးသမားတွေက ခန့်မှန်းပါတယ်။
  • Shark fins
    ဟောင်ကောင်က စားသောက်စရာတွေရောင်းတဲ့ စတိုးဆိုင်တခု အတွင်းမှာ တွေ့ရတဲ့ ငါးမန်းတောင် အခြောက်ထုတ်တွေ၊ တပေါင်ကို အမေရိကန် ဒေါ်လာ ၃၇၀ က ၄၆၀ အထိ ပေးရတယ်လို့ ဆိုပါတယ်။
  • Shark fins
    ငါးမန်းတောင် အထုတ်တွေရာင်းတဲ့ ဆိုင် ပိုင်ရှင် လွန်ဝင်ချူးနဲ့ အတူ တွေ့ရတဲ့ ငါးပေါင် အထုတ်တွေ၊ တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက ငါးမန်းတောင်တွေ ဖြတ်ပြီး စားသုံးတာကို ကန့်ကွက်နေပေမယ့် တဖက်မှာလည်း ငါးမန်းကို ရိုးရာ စားစရာတခု အဖြစ် တုန့်ပြန်သူတွေလည်း ရှိကြပါတယ်။
  • Shark fins
    ငါးမန်းတောင်မြို့တော်လို့ တင်စားခံရတဲ့ ဟောင်ကောင်မြို့လယ်က စားသောက်စရာ အခြောက်တွေ ရောင်းတဲ့ ဆိုင်တခု ရှေ့တွေ့ရတဲ့ ငါးမန်းရုပ်နဲ့ ပိုစတာ တခု၊ စျေးကြီးတဲ့ ငါးမန်းတောင်တွေကို စားသုံးသူတွေ လျော့လာပေမယ့် လုံးဝ ပိတ်ပင်ပစ်ဖို့ တောင်းဆိုမှုတွေရှိနေ။
  • Shark fins
    ကနေဒါမှာ လုပ်သွားတဲ့ ဟောင်ကောင် ဒေသခံ နှစ်ယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲ မှာတော့ အစဉ်အလာအရ ထည့်သွင်း တတ်တဲ့ ငါးမန်းတောင်ဟင်းချိုကို မီနျူးမှာ မထည့်ခဲ့၊ ဧည့်ခံပွဲ တော်တော် များများမှာ ငါးမန်းတောင်တွေ စားစရာ စာရင်းထဲ ပါမလာတော့တာ ပိုပြီးတွေ့လာနေရပါတယ်။
  • Shark fins
    ၂၀၁၂ ဇူလိုင်လက ဒူဘိုင်းမြို့ ငါးစျေးမှာ ငါးမန်းတကောင်ရဲ့ တောင်ပံကို ဖြတ်နေပုံ၊ ကမ္ဘာ့ ငါးမန်းစျေးကွက်ဟာ တနှစ်တနှစ်ကို ဒေါ်လာသန်းရာ ပေါင်းများစွာ ရှိပါတယ်၊ တောင်ပံအတွက် ဖမ်းဆီးခံနေရတဲ့ ငါးမန်းတွေလည်း သန်းပေါင်းများစွာရှိပါတယ်။ ဒါကြောင့် တချို့ ငါးမန်း မျိုးစိတ်တွေ တုန်းကုန်မယ့် အန္တရာယ်ရှိနေတယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။