BBC navigation

၂၀၁၃ နှစ်ဦး ထူးခြား ပုံရိပ်များ

နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2013 - 18:38 GMT

၂၀၁၃ နှစ်ဦး ထူးခြား ပုံရိပ်များ

  • ဂျာမဏီ နိုင်ငံ Dresden တိရိစ္ဆာန်ရုံက ငှက်ကြီးဝံပို။
  • အိန္ဒိယနိုင်ငံမှာ လူအုပ်စုနဲ့ မတရားပြုကျင့် ခံခဲ့ရပြီး သေဆုံးသွားခဲ့သူ ဆေးကျောင်းသူလေး အတွက် ဆုတောင်း။
  • အလက်ပိုမြို့မှာ ဘောလုံး ကစားနေတဲ့ ဆီးရီးယား သူပုန်တဦး။ ကုလသမဂ္ဂရဲ့ ကြေညာချက် အရ ဆီးရီးယားက တိုက်ခိုက်မှုတွေ အတွင်း သေဆုံးသူ ၆၀၀၀၀ ကျော် သွားပြီလို့ ဆိုပါတယ်။
  • ဒူမိုင်း မုတ်သုန် မုန်တိုင်း ကျရောက် နေတဲ့ အိန္ဒိယ သမုဒ္ဒရာထဲက La Reunion ကျွန်း။ ဒီကျွန်းကို ပြင်သစ်တို့က ပိုင်ပါတယ်။
  • အာဖဂန် မြို့တော် ကာဘူး ကောင်းကင်ယံက ပြင်သစ် စစ်ရဟတ်ယာဉ်။
  • ဗဟိုအာဖရိက သမ္မတနိုင်ငံ ရှေ့တန်း တနေရာက ချက်ဒ်နိုင်ငံ စစ်သားတွေ။ အိမ်နီးချင်း နိုင်ငံတွေကနေ တပ်ဖွဲ့တွေ စေလွှတ်ပြီး၊ ဗဟိုအာဖရိက သမ္မတ နိုင်ငံ အစိုးရကို အကူအညီပေး နေတာ ဖြစ်ပါတယ်။
  • အနုတ် ၃၀ ဒီဂရီ စင်တီဂရိတ် အထိ ကျပြီး အေးခဲနေတဲ့ ရုရှားနိုင်ငံ ယန်နီဆေးမြစ် ကမ်းဘေးက သားအမိ နှစ်ဦး။
  • ဂျောဒန်မြစ် အနောက်ဘက် ပါလက်စတိုင်း ဒေသ Jenin မြို့က ဆော့ကစား နေတဲ့ ကလေး ငယ်တွေ။
  • အိုဗရီကို့စ် နိုင်ငံမှာ နှစ်သစ်ကူး အကြိုညက လူနင်းမိပြီး သေဆုံးသွားတဲ့ အမေ ဖြစ်သူနဲ့ သမီး နှစ်ဦး တို့ရဲ့ အလောင်းတွေကို ပြန်ဖေါ်ထုတ်ဖို့ အခင်းဖြစ်ရာ နေရာကို ရောက်ရှိလာတဲ့ သားအဖ နှစ်ဦး။
  • စပိန်က ကက်တလိုနီးယား ဘောလုံး အသင်းနဲ့ နိုင်ဂျီးရီးယား အသင်းတို့ရဲ့ ချစ်ကြည်ရေး ဘောလုံးပွဲ ကလည်း အကြိတ် အနယ် ရှိခဲ့ပါတယ်။
  • ပီရူးနိုင်ငံကနေ တာထွက်ပြီး အာဂျင်တီးနားမှာ ပန်းဝင်မယ့် လက်တင် အမေရိက ကားမောင်း ပြိုင်ပွဲ အတွက် ပြင်ဆင်မှုတချို့။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။