BBC navigation

အမေ့ခံတွေနဲ့ မမေ့ဘဲထားသူတွေ

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 19:45 GMT

မီဒီယာ ပလေးယား

မန္တလေးက လူငယ်တွေက ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ကမ်းလင့်လက်တွေကို စောင့်နေတဲ့ အမေ့ခံ ပုံရိပ်တွေ

ပြက္ခဒိန် အဟောင်း တခုကနေ အသစ် တခုကို ကူးတဲ့ အခုလို အချိန်မှာ မန္တလေးမြို့က လူငယ်တွေ ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုတွေကို အိမ်တိုင်ရာရောက် လိုက်လံ ပြုစု စောင့်ရှောက် ပေးနေကြပါတယ်။

ကိုယ်ကျိုး မဖက် အများအကျိုးအတွက် လိုက်ပါ ဆောင်ရွက် နေတဲ့ သူတို့ တယောက်ချင်းစီမှာလည်း ရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ ရှိသလို စာနာစိတ်ကို ရှေ့တန်းတင်ပြီး ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုတွေကို လိုက်ပြီး ပြုစုစောင့်ရှောက် ဖို့ စိတ်ကူး စိတ်သန်းကလည်း တယောက်နဲ့ မတူကြပါဘူး။

တကယ်တော့ အခုလို ခိုကိုးရာမဲ့ အဖိုးအဖွားတွေကို ကြည့်ရှု စောင့်ရှောက်ရမှာက အစိုးရ အဖွဲ့အစည်းတွေရဲ့ တာဝန်တရပ် ဖြစ်ပေမယ့် ကျမတို့ မြန်မာနိုင်ငံမှာတော့ လူငယ်တွေက ကိုယ့်အသိစိတ်နဲ့ ကိုယ် လိုက်ပါ စောင့်ရှောက်ပေးနေတာဟာ ခေတ်သစ် ချစ်စရာ မြန်မာ့ ယဉ်ကျေးမှုလို့ တရပ်လို့ အကောင်းဖက်က ရူမြင် ကြည့်ပြီး အမေ့ခံ ပုံရိပ်များ အဖြစ် မစန္ဒာက တင်ဆက် ပေးထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။