BBC navigation

အကောင်းဆုံး ဘောလုံးသမား ဆု လေးနှစ်ဆက်ရတဲ့ မက်ဆီ

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 15:59 GMT

မက်ဆီ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု လေးနှစ်ဆက် ရ

  • Messi
    ဇန္နဝါရီ ၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၂ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားရွေးချယ်ပွဲမှာ ဘာစီလိုးနား ကလပ်အသင်းက အာဂျင်တီးနား တိုက်စစ်မှူး လီယိုနယ် မက်ဆီ လေးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ ရပါတယ်။
  • Messi
    အီတလီက နာမည်ကျော် ဘောလုံးသမား ကာနာဗာရိုက မက်ဆီနာမည်ကို ထုတ်ဖော် ကြေငြာပေးခဲ့ပါတယ်။
  • Messi
    ဒီနှစ် နောက်ဆုံး ဇကာတင် သုံးဦး၊ မက်ဆီနဲ့ အတူ အသင်းဖော် အင်နီယက်စတာ နဲ့ ရီးယဲလ် မက်ဒရစ်က ရော်နယ်ဒို တို့အားလုံး အခမ်းအနားကို လာတက်ခဲ့ကြပါတယ်။
  • Messi
    အင်နီယက်စတာ၊ မက်ဆီ နဲ့ ရော်နယ်ဒို တို့ သုံးယောက်စလုံးဟာ အငြင်းပွားဖွယ်မရှိ၊ ထိုက်ထိုက်တန်တန် နောက်ဆုံး ဇကာတင် အဆင့်ကို ရောက်ခဲ့ကြသူတွေပါ။
  • Messi
    မက်ဆီ နဲ့ ဒီနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဘောလုံးသမား ဆုကို ရသွားသူ အမေရိကန်က အက်ဘီ ဝမ်ဘတ် တို့ ဖီဖာ ဥက္ကဌ ဆက် ဘလက်တာနဲ့ အတူ၊
  • Messi
    မက်ဆီဟာ ဘောလုံး သမိုင်းမှာ စံချိန်တင် လေးကြိမ် ဆက်တိုက် အကောင်းဆုံးဘောလုံးသမား ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်၊ အသက်ကလည်း ငယ်သေးသလို ခြေကလည်း ထက်ပြီးရင်းထက်နေလို့ နောက်ထပ်လည်း ဆုတွေ ရနိုင်သေးတယ်လို့ ယူဆရပါတယ်။
  • Messi
    ဖီဖာက ၂၀၁၂ နှစ်အတွက် ကမ္ဘာ့လက်ရွေးစဉ် ၁၁ ယောက်ကိုလည်း ကြေငြာခဲ့ရာမှာ ဘာစီလိုးနားနဲ့ ရီးယဲလ်မက်ဒရစ်က ဘောလုံးသမားတွေ အများစုကြီး ပါဝင်ခဲ့ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။