BBC navigation

အော်စကာအတွက် ဆန်ခါတင် ရုပ်ရှင် ၉ ကား

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 19:59 GMT

အော်စကာ အတွက် ဆန်ခါတင် ၉ ကား

  • Amour: ပြင်သစ် စကားပြော ဒရမ်မာ ဇတ်လမ်း တပုဒ် ဖြစ်ပါတယ်။ ဇရာ ရဲ့ ထုထောင်း မှုကို သက်ကြီး ရွယ်အို ဇနီးမောင်နှံ နှစ်ဦး ဘယ်လို ရင်ဆိုင် ခဲ့ကြ သလဲ ဆိုတဲ့ ဒါရိုက်တာ Michael Haneke ရဲ့ လက်ရာ ဖြစ်ပါတယ်။
  • Argo: ၁၉၇၉ ခုနှစ် အတွင်း အီရန်နိုင်ငံမှာ ဓားစာခံတွေအဖြစ် ဖမ်းဆီးခံထားရတဲ့ အမေရိကန် သံတမန်တွေ လွတ်မြောက်ရေး ဇာတ်လမ်းပါ။ ဒါရိုက်တာ Ben Affleck က ဖန်တီးပေးထားပါတယ်။
  • Beasts of the Southern Wild: လူဝစ်ဆီးယာနာ တောင်ပိုင်း လူသူဝေးတဲ့ ဒေသမှာ မုန်တိုင်းဒဏ်ကြောင့် ဖခင်ဖြစ်သူ နာမကျန်း ဖြစ်ခဲ့ပြီးနောက်၊ ဘဝတခုလုံး အတွက် အပြောင်း အလဲတွေ ဖြစ်ခဲ့ရတဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေး တဦးရဲ့ ဘဝကို ဒါရိုက်တာ Benh Zeitlin က ပုံဖေါ် ပေးထားပါတယ်။ သရုပ်ဆောင် မင်းသမီးလေး Quvenzhane Wallis ဟာ ဒီရုပ်ရှင် ရိုက်ကူးပြီး ချိန်မှာ အသက် ၇ နှစ်သာ ရှိပါသေးတယ်။
  • Django: ဒါရိုက်တာ Quentin Trantino ရဲ့ အမေရိကန် ပြည်တွင်းစစ် မတိုင်ခင် ဇာတ်လမ်း တပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသား Jamie Foxx ဟာ ဇနီးဖြစ်သူကို ရက်စက်ကြမ်းကြုတ်တဲ့ လယ်ယာ ပိုင်ရှင် တဦးဆီ ကနေ ပြန် ကယ်ထုတ်တဲ့ နေရာမှာ ကြေးစား တဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။
  • Les Miserables: ပြင်သစ် စာရေးဆရာ Victor Hugo ရဲ့ ၁၉ ရာစု အတွင်း အကောင်းဆုံး ဝတ္တု တပုဒ် အဖြစ် စာရင်းဝင် ဖြစ်ခဲ့တဲ့ သမိုင်းကြောင်း နောက်ခံ ဝတ္တုကို ဒါရိုက်တာ Tom Hooper က ရုပ်ရှင်အဖြစ် အသွင်ပြောင်း ပေးထားတာပါ။
  • Life of Pi: အထက်တန်း ကျောင်းသား ဘဝမှာ ပိုင် လို့ နာမည်တွင် လာတဲ့ အိန္ဒိယ လူငယ်လေး တဦး၊ တိရိစ္ဆာန်တွေ တင်ထားတဲ့ ကုန်တင် သင်္ဘောနဲ့ အတူ အိန္ဒိယ ကနေ ကနေဒါကို ပြောင်းရွှေ့ဖို့ အသွား သင်္ဘောပျက်ပြီး၊ အသက်ကယ်လှေ တစီးနဲ့ ပင်လယ်ထဲ မျော်ပါနေတဲ့ ဇာတ်လမ်း တပုဒ်ပါ။ အသက် ကယ်လှေ ပေါ်မှာ သူတဦးတည်း မဟုတ်ဘဲ တိရိစ္ဆာန် တချို့နဲ့ သူ ဘယ်လို စခန်းသွားခဲ့ကြ တယ် ဆိုတာကို ဒါရိုက်တာ Ang Lee က သည်းထိတ် ရင်ဖို ရိုက်ကူးထားပါတယ်။
  • Lincoln: ၁၆ ယောက်မြောက် အမေရိကန်သမ္မတ Abraham Lincoln ရဲ့ ကျွန်စနစ် ဖျက်သိမ်းရေး တိုက်ပွဲ နဲ့ သူ့ ဘဝရဲ့ နောက်ဆုံး အချိန်တွေ အကြောင်းကို ဒါရိုက်တာ Steve Spielberg က ဒီရုပ်ရှင်ကားနဲ့ ချီးကျူး ဂုဏ်ပြုထား ပါတယ်။
  • Silver Linings Playbook: စိတ်ပုံမှန် မဟုတ်တဲ့ အမျိုးသား တဦးရဲ့ ရယ်မော လွမ်းဆွတ်ဖွယ် အချစ် ဇာတ်လမ်းလေး ဖြစ်ပါတယ်။
  • Zero Dark Thirty: အမေရိကန်မှာ စက်တင်ဘာ ၁၁ တိုက်ခိုက် ခံရပြီး နောက် အိုစမာ ဘင်လာဒင် ကို ဖမ်းဖို့ ကြိုပမ်းတဲ့ အက်ရှင် ကားတကား ဖြစ်ပါတယ်။ ဒီဇာတ်ကား ကို အော်စကာဆု ရရှိဖူးတဲ့ ဒါရိုက်တာ Kathryn Begelow က ရင်ခုန် ဖန်တီး ထားတာပါ။ ၂၀၁၁ ခုနှစ်မှာ အမေရိကန် ရေတပ်ကနေ ပါကစ္စတန် နိုင်ငံ အဘိုတဘက်မြို့က အိုစမာ ဘင်လာဒင် ရဲ့ ခြံဝင်းကို ဝင်စီးခဲ့တဲ့ အချိန် 00:30 ကို ရုပ်ရှင်နာမည် ပေးထားတာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။