BBC navigation

Golden Globe ရွှေကမ္ဘာလုံး ရုပ်ရှင် ထူးချွန်ဆုရှင်များ

နောက်ဆုံး ရေးသားချိန် 14 ဇန်နဝါရီလ 2013 - 16:06 GMT

Golden Globe ဆု ရသူများ

  • Golden Globe
    အကောင်းဆုံးရုပ်ရှင် ဇာတ်ကားကို အီရန်က အမေရိကန် ဓားစာခံတွေ ကို ကယ်တင်တဲ့ အကြောင်းရိုက်ကူးထားတဲ့ Argo က ရ သွားပြီး ဒါရိုက်တာဆုကိုလဲ အဲဒီကားနဲ့ပဲ Ben Affleck က ရသွားပါတယ်။
  • Golden Globe
    Argo ဇာတ်ကား ထုတ်လုပ်သူ၊ ဒါရိုက်တာ နဲ့ အဖွဲ့သားတွေ ဆု လက်ခံ ယူကြစဉ်။
  • Golden Globe
    ဇာတ်ကားဆုအပါအဝင် ဆုကြီးတွေ တသီကြီးရမယ်လို့ မှန်းထားကြတဲ့ အမေရိကန် သမ္မတ အကြောင်း ရိုက်ကူးထားတဲ့ Lincoln ကတော့ Daniel Day-Lewis ရဲ့ အကောင်းဆုံး မင်းသားဆု တစ်ဆုနဲ့ပဲ ကြေနပ်လိုက်ရပါတယ်။
  • Golden Globe
    Golden Globe မှာ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့တဲ့ နောက်တကားကတော့ Les Miserables ပါ၊ အကောင်းဆုံး ဂီတသံစုံ ဇာတ်မြူးဇာတ်ကားဆု အပြင် မင်းသား Hugh Jackman နဲ့ မင်းသမီး Anne Hathaway တို့လည်း ဆုတွေ ရခဲ့ပါတယ်။
  • Golden Globe
    သြစတီးယား က Michael Haneke ရိုက်ကူးတဲ့ Amour ဇာတ်ကားကတော့ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင်ကား ဆုကို ရသွားခဲ့ပါတယ်။
  • Golden Globe
    အကောင်းဆုံး ဇာတ်ညွှန်းဆုကိုတော့ Django Unchained ဇာတ်ကားက Quentin Tarantino က ရသွားပါတယ်။
  • Golden Globe
    အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကိုတော့ Django Unchained ဇာတ်ကားကပဲ Christoph Waltz က ရသွားပါတယ်။
  • Golden Globe
    Jessica Chastain ကတော့ Zero Dark Thirty ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရသွားသူပါ။
  • Golden Globe
    အကောင်းဆုံး သီချင်းဆုကိုတော့ James Bond ဇာတ်ကား Skyfall ထဲက နောက်ခံ သီချင်းနဲ့ ဗြိတိသျှ အဆိုတော် Adele က ရ သွားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။