မိုဘီဂျီနိုနဲ့ မီလာနှင်း

  • 14 ဇန်နဝါရီ 2013

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Image caption အမေရိကန်ရောက် ချင်းအဆိုတော် Milla Hniang

ဒီတပတ်မှာတော့ . . .

အမေရိကန်ရောက်နေတဲ့ ချင်းမိန်းကလေး အဆိုတော် တစ်ဦး အမေရိကန်က တေးထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုနဲ့ စာချုပ် ချုပ်ဆိုပြီး သီချင်းအယ်လ်ဘမ် ထုတ်လိုက်တဲ့ အကြောင်း တင်ဆက် ပေးထားပါတယ်။

သူ့နာမည်ကတော့ Milla Hniang ဖြစ်ပါတယ်။ နာမည်အပြည့်အစုံက Milla Dawt Hniang ဖြစ်ပြီး ချင်းနာမည်ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့Gone ဆိုတဲ့ တေးအယ်လ်ဘမ်ကို ဇန်နဝါရီ ဒုတိယပတ် အတွင်းကပဲ Tate Music Group ကုမ္ပဏီက ဖြန့်ချိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ထဲမှာ Milla Hniang ကိုယ်တိုင်ရေးထားတဲ့ သီချင်း ၈ ပုဒ် ပါဝင်ပါတယ်။

သူ့ရဲ့ ချိုမြတဲ့ ထူးခြားတဲ့ အသံကို သဘောကြပြီး ဒီကုမ္ပဏီက စာချုပ်ချုပ် ဝယ်ယူတာ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ အယ်လ်ဘမ်ကို Amazon နဲ့ iTunes အင်တာနက် ဆိုင်တွေမှာလည်း တွေ့ရပါတယ်။

မီလာနှင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ အစီအစဉ်ကို ဒီမှာ နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နောက်ပြီး ထူးခြားတာက မီလာနှင်းဟာ ငယ်စဉ်က ပိုလီယိုရောဂါ ဖြစ်ခဲ့ပေမယ့် ဘဝကို အရှုံးမပေးပဲ ကြိုးစားခဲ့တာလို့ ဘီဘီစီရဲ့ မိုဘီ ဂျီနို အစီအစဉ်ကို ပြောပါတယ်။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန် ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန် အကြုံပြုလိုရင်ဖြစ်ဖြစ်၊ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင် လို့ပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်က ဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေးပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ