BBC navigation

တပတ်အတွင်း မြန်မာသတင်းဓာတ်ပုံများ

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 16:53 GMT

တပတ်အတွင်း မြန်မာသတင်းဓာတ်ပုံများ

  • ရန်ကုန်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့က လူမှု အခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း မြွက်ကြား။
  • ရန်ကုန်ပြည်သူ့ လွှတ်တော် ခန်းမဆောင်မှာ လူမှု အဖွဲ့အစည်း တွေနဲ့ တွေဆုံပွဲ ဖြစ်ပါတယ်။
  • ၁၉ ရက်နေ့ ကတော့ နေပြည်တော်မှာ ကျင်းပတဲ့ ပထမဆုံး အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ သမ္မတ မွန့်ခွန်းပြောကြား။
  • ဖိုရမ်ကို တက်ရောက်လာကြတဲ့ ဧည့်ပရိသတ် တွေကို နှုတ်ဆက်။
  • နေပြည်တော်မှာ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲအတွက် ဆောက်လက်စ မြင်ကွင်းတွေကို ဇန်နဝါရီလ ၁၉ ရက်နေ့က တွေ့ရစဉ်။
  • အားကစား ပြိုင်ပွဲတွေ အတွက် အဆောက်အဦး တည်ဆောက်မှု ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရ။
  • လှော်ကားရွာ က အုတ်ဖုတ် ဖိုကြီး တခုကို တွေ့ရစဉ်။
  • ရန်ကုန်မြို့ပြင် မြောက်ဘက်မှာ တည်ရှိတဲ့ လှော်ကားရွာ အုတ်ဖုတ် လုပ်ငန်းဖြစ်ပါတယ်။
  • အုတ်တွေကို မီးမဖုတ်ခင် စီထားရာ၊ အနုပညာ လက်ရာ တခု အလား ထင်မှား စရာပင်။
  • Week in Pictures Jan 3rd Week
    ရန်ကုန်မြစ်ပေါ်က နေဝင်ချိန်အလှ။ ခရီးသည်တင် လှေသမား ၂ ဦးကို ဗုဒ္ဓဟူးနေ့ နေဝင်ချိန်မှာ တွေ့ရစဉ် ။
  • Week in Pictures Jan 3rd Week
    ရရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ် နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်မှာ တွေ့ဆုံ။
  • Week in Pictures Jan 3rd Week
    ရရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြ။
  • Week in Pictures Jan 3rd Week
    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားနဲ့ ဒုတိယသမ္မတ စိုင်းမောက်ခမ်းတို့ ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံခဲ့။
  • Week in Pictures Jan 3rd Week
    ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ ၈၀၀ ကျော်ကို မလေးရှားပို့ဖို့ ပွဲစားက ပိတ်လှောင်ထားစဉ် ထိုင်းအစိုးရက ကယ်တင်ခဲ့။ မလေးရှားနယ်စပ် ၊ နရသီဝပ် နယ်ထဲမှာ သူတို့ကို တွေ့ရှိခဲ့ပါတယ်။ သူတို့ ဘယ်နိုင်ငံက ဖြစ်တယ်၊ ခိုလှုံခွင့် တင်ဖို့ အစီအစဉ်ရှိမရှိ စတာတွေကို UNHCR ရုံးကလည်း စစ်ဆေးနေပါတယ်။
  • Week in Pictures Jan 3rd Week
    နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ဥက္ကဌ Peter Maurer နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်မှာ တွေ့ဆုံ။ အိုင်စီအာစီ ဥက္ကဌရဲ့ ပထမဆုံး မြန်မာခရီးစဉ်လည်း ဖြစ်။
  • Week in Pictures Jan 3rd Week
    ကချင်ပြည်နယ်တွင်းမှာတော့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဇန်နဝါရီ ၁၄ ရက်က လက်နက်ကြီးကျလို့ အရပ်သားများ သေကြေခဲ့ရပါတယ်။ ဒါကတော့ လိုင်ဇာ ဆေးရုံမှာပါ။
  • Week in Pictures Jan 3rd Week
    လိုင်ဇာမြို့မှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ဦးသေပြီး ဒဏ်ရာရသူတွေလည်း ရှိ။ KIA ဘက်ကတော့ ဒါဟာ အစိုးရစစ်တပ်ဘက်က ပစ်ခတ်တာလို့ ပြောပါတယ်။ အစိုးရကတော့ ငြင်းပါတယ်။ အစိုးရဘက်က လေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေပါတယ်။
  • Week in Pictures Jan 3rd Week
    ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီကနေ မြန်မာစာသုံး OS နဲ့ မိုဘိုင်းဖုန်းတွေကို မြန်မာစျေးကွက်ကို ဇန်နဝါရီ ၁၄ ရက်က KMD ကုမ္ပဏီကတဆင့် မိတ်ဆက်ခဲ့ပါတယ်။ HTC ရဲ့ CEO ပီတာချုး (ဝဲအစွန်)ဟာ မြန်မာပြည်ဖွား လုပ်ငန်းရှင် တစ်ဦး ဖြစ်ပါတယ်။
  • Week in Pictures Jan 3rd Week
    ရန်ကုန်မြို့က ATM (ငွေထုတ်စက်) တစ်ခုမှာ ငွေထုတ်ယူ။ နိုင်ငံတကာ ငွေကြေးကဒ်တွေဖြစ်တဲ့ Visa နဲ့ Mastercard တွေလည်း မြန်မာပြည်ကို ပြီးခဲ့တဲ့ နှစ်ကုန်က ဝင်လာခဲ့ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။