BBC navigation

တောင်ကိုရီးယားရောက် ဒေါ်အောင်ဆန်းစုကြည်

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 16:46 GMT

ဒေၚအောင်ဆန်းစုကြည် တောင်ကိုရီးယားကို ရောက်

  • Aung San Suu Kyi in Korea
    စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိသူများအတွက် ဆောင်းရာသီ အထူး အိုလံပစ်နဲ့ တဆက်တည်း ကျင်းပတဲ့ ကမ္ညာ့ ဖွံ့ဖြိုးရေးဆွေးနွေးပွဲမှာ အိုလံပစ်ပွဲတော် ကျင်းပရေးကော်မီတီ ဥက္ကဌ၊ မာလာဝီ သမ္မတတို့နဲ့ အတူ။
  • Aung San Suu Kyi in Korea
    ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး မသန်စွမ်းတာ အားငယ်စရာ မဟုတ်၊ သူများနဲ့ မတူတာ စိတ်ဓာတ်ကျ စရာ မဟုတ်ကြောင်း ပြောခဲ့။
  • Aung San Suu Kyi in Korea
    နိုင်ငံတကာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်တွေ တက်ရောက်တဲ့ ပွဲမှာ မသန်စွမ်းသူတွေကို ကူညီ သွားမယ့် အစီအစဉ်တွေကို ဆွေးနွေး သဘောတူခဲ့ကြ။
  • Aung San Suu Kyi in Korea
    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်နဲ့ ၂၉ ရက် အင်္ဂါနေ့က ရင်းရင်း နှီးနှီး တွေ့ဆုံခဲ့။
  • Aung San Suu Kyi in Korea
    နှစ်နိုင်ငံ ပညာရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စရပ် တွေကို ဆွေးနွေးခဲ့။
  • Aung San Suu Kyi in Korea
    အဲဒီနောက် ရှေ့လမှာ သမ္မတ ဖြစ်လာ တော့မယ့် တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလောင်း ပတ်ဂွန်ဟေးနဲ့ တွေ့ဆုံခဲ့ရာမှာ...
  • Aung San Suu Kyi in Korea
    နှစ်နိုင်ငံ အနာဂါတ် ဆက်ဆံရေး တိုးတက် ကောင်းမွန် လာဖို့ကို အဓိက ဆွေးနွေးခဲ့ကြ။
  • Aung San Suu Kyi in Korea
    ညနေပိုင်း မှာတော့ ပြုံချန်းမှာ ကျင်းပတဲ့ အထူး အိုလံပစ် အားကစား ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ပြီး...
  • Aung San Suu Kyi in Korea
    အားကစား သမားတွေနဲ့ ပရိသတ်တွေကို စကား ပြောကြားခဲ့ ပါတယ်။
  • Aung San Suu Kyi in Korea
    ဇန္နဝါရီလ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားနိုင်ငံ ကို ရောက်အလာမှာ ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပရေးကော်မီတီ ဥက္ကဌ နာကျွန်ဝမ်က လာရောက်ကြိုဆိုခဲ့။
  • Aung San Suu Kyi in Korea
    ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ကိုရီးယားမှာ သမ္မတ လီမြောင်ဘတ်၊ သမ္မတအဖြစ် အရွေးခံထားရတဲ့ အမျိုးသမီး ပတ်ဂွမ်ဟေးတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ဆောင်းရာသီ အထူးအိုလံပစ် ပွဲတော် ဖွင့်ပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
  • Aung San Suu Kyi in Korea
    ဆိုးလ်မြို့တော်နားက အင်ချွန်းနိုင်ငံတကာ လေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတော့ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကလည်း ကြိုဆိုခဲ့ကြ။
  • Aung San Suu Kyi in Korea
    တိုင်းရင်းသား ဝတ်စုံတွေ ဝတ်ဆင်လာတဲ့ မြန်မာ နိုင်ငံသားတွေကလည်း အဲန်အယ်လ်ဒီ အလံတွေ ဝှေ့ရမ်းလို့ ကြိုဆိုကြ။
  • Aung San Suu Kyi in Korea
    နှုတ်မဆက်လိုက်ရ မရှိရအောင်။
  • Aung San Suu Kyi in Korea
    ကိုရီးယားဝတ်စုံ ဝတ်ဆင်ထားတဲ့ မြန်မာသမီးငယ်လေးကလည်း နှုတ်ဆက် ကြိုဆို။
  • Aung San Suu Kyi in Korea
    လေဆိပ်မှာ လာကြိုနေတဲ့ မြန်မာ ကလေးငယ်နှစ်ဦးနဲ့ အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။
  • Aung San Suu Kyi in Korea
    ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေနဲ့ လည်း သီးခြားတွေ့ဆုံဖို့ ရှိပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။