BBC navigation

သီဟာနု ဘုရင်ကြီးရဲ့ စျာပန

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 12:39 GMT

ဘုရင်ကြီး သီဟာနုရဲ့ စျာပန အခမ်းအနား

  • Sihanouk funeral
    ဖနွမ်းပင်မြို့တော်က ဘုရင့်နန်းတော်အနီးမှာ ပြုလုပ်မယ့် ဘုရင်ကြီး သီဟာနုရဲ့ စျာပန အခမ်းအနားကို တက်ရောက်ဖို့ လူတွေ သောင်းချီပြီး ရောက်လာခဲ့ကြ။
  • Sihanouk funeral
    မီးသဂြိုဟ်မယ့် စျာပနအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားပြီး ဘုရင်ကြီး သီဟာနုရဲ့ သားတော် လက်ရှိ ဘုရင် နိုရိုဒွန် သီဟာမုနိက ကြီးကြပ်စီစဉ် ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။
  • Sihanouk funeral
    စျာပန အခမ်းအနားတွေကို တပတ်ကြာ ပွဲခံ ကျင်းပခဲ့တာ ဖြစ်ပြီး နိုင်ငံတဝန်းက ပြည်သူ ပြည်သားတွေ လာရောက် ဂါရဝပြု ဆင်နွှဲခဲ့ကြပါတယ်။
  • မီးသဂြိုဟ်ပြီးတဲ့နောက် ဘုရင်ကြီး သီဟာနုရဲ့ အရိုးပြာတွေကို ကမ္ဘောဒီးယား နိုင်ငံရဲ့ မြစ်အတွင်းက တဆင့် ဒေသတွင်း ဖြတ်စီးနေတဲ့ မဲခေါင်မြစ်ထဲကို မြောချမှာ ဖြစ်ပါတယ်။
  • Sihanouk funeral
    ဘုရင်သီဟာနုရဲ့ စျာပနကို ထိုင်းဝန်ကြီးချုပ်၊ ဂျပန် မင်းသားကြီးတို့လို အာရှနိုင်ငံတွေက ခေါင်းဆောင်တွေလည်း လာတက်ခဲ့ကြပါတယ်။
  • Sihanouk funeral
    အသက်ထင်ရှားရှိစဉ်တုန်းက နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားခဲ့တဲ့ ဘုရင်ကြီး သီဟာနုဟာ တချိန်က အမေရိကန် ထောက်ခံတဲ့ အစိုးရကို ခမာနီတွေနဲ့ ပေါင်းပြီး ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ ခမာနီတွေ ၁၉၇၅ ခုနှစ်မှာ အာဏာရလာပြီးတဲ့ နောက်မှာတော့ ဘုရင်ကြီးနဲ့ မိဖုရားတို့ နန်းတော်ထဲ မှာပဲ အချုပ်အနှောင်ခံခဲ့ ကြရပါတယ်။
  • Sihanouk funeral
    ဒါပေမယ့် ဘုရင်ကြီး သီဟာနုဟာ ဗီယက်နမ်တွေရဲ့ ထောက်ခံမှုနဲ့ တက်လာတဲ့ ကမ္ဘောဒီးယား အစိုးရကို ဦးဆောင်ပုန်ကန်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ ဘုရင် အရိုက်အရာကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။
  • Sihanouk funeral
    ၂၀၀၄ ခုနှစ်မှာတော့ ဘုရင်ကြီးဟာ နန်းစွန့်ပြီး သူ့သားကို သူ့အရိုက်အရာ ဆက်ခံဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။
  • Sihanouk funeral
    ဘုရင်ကြီး သီဟာနုဟာ နန်းစွန့်ပြီးချိန်က စလို့ တရုတ်နိုင်ငံမှာ နေထိုင်ပြီး ကျန်းမာရေးအတွက် ဆေးကုသခံနေခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သက်တော် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။