BBC navigation

အိန္ဒိယက ဟိန္ဒူ ရေချိုးပွဲတော်

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 19:20 GMT
  • ဂင်္ဂါနဲ့ ယမုန်နာ မြစ်တို့ ဆုံဆည်းရာ မြစ်ဆုံမှာ ကျင်းပ တဲ့ ဟိန္ဒူဘာသာ ဝင်တို့ရဲ့ ရေချိုး ပွဲတော်ကို လူပေါင်း သန်းနဲ့ချီ လာရောက် ဆင်နွှဲ။
  • ကုမ်မလာ လို့ ခေါ်တဲ့ ဒီပွဲတော်မှာ အခုလို ရေချိုးခြင်း အားဖြင့် အကုသိုလ်တွေ ကင်းသွားပြီး၊ ဘုရားရှင်ရဲ့ ကယ်တယ်ခြင်းကို ခံရမယ်လို့ ယုံကြည်ကြပါတယ်။
  • ရေချိုးပွဲတော်ကို အနယ်နယ် အရပ်ရပ်ကနေ အခုလို လှေတွေနဲ့လည်း လာရောက်ကြပါတယ်။
  • ရေချိုးကြပြီးနောက် ရေစို အဝတ်တွေကို လှန်းထားရာ အနုပညာ ပြကွက် တခုအလား ထင်မှတ်စရာ။
  • ဆာဒူးကြီးတွေလည်း သူတို့ရဲ့ တရားစခန်းတွေ ကနေ ရေချိုးပွဲတော်ကို အခုလို လာရောက် ဆင်နွှဲကြပါတယ်။
  • ဒီဆာဒူးကြီးတွေလည်း ရိုးရာ ဓလေ့ ရေချိုးပွဲမှာ ပါဝင် ဆင်နွှဲကြပါတယ်။ သူတို့ ကတော့ ဘုရားရှင်ထံမှာ သူတို့ရဲ့ ဘဝတွေကို အပ်နှံထားကြတယ်လို့ ဆိုပါတယ်။
  • နာဂါ ဆာဒူးတွေကတော့ ဆံပင်တွေ ရှုပ်ထွေး နေပြီး၊ တကိုယ်လုံး ပြာတွေ လိမ်းကျံ ထားကြ ပါတယ်။
  • မြစ်ကမ်းပါး တလျှောက် ရွက်ဖျင်တဲကြီးတွေ ထိုးပြီး ပွဲတော် အတွင်း လာရောက် နေထိုင်သူတွေ ရှိသလို ရွက်ဖျင် စျေးတန်းလည်း ရှိပါတယ်။
  • အဲဒီ ရွက်ဖျင် စျေးတန်းမှာ အဝတ်အစား ကော်ဇော ကအစ၊ အစား အသောက် အဆုံး ပစ္စည်းအစုံ ရနိုင်ပါတယ်။
  • ဒါကတော့ ဆာဒူးကြီးတွေနဲ့ သူတို့ရဲ့ ကပ္ပိယတွေကို ကပ်ဖို့ ပြင်ဆင်ထားတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။
  • ပွဲတော်လာ လူတွေ များပြား လွန်းလှတဲ့ အတွက် လူပျောက် တာတွေလည်း ရှိတာမို့၊ စေတနာ့ ဝန်ထမ်း လူပျောက်ရှာ ရုံးတွေလည်း ထားရှိပါတယ်။
  • နိုင်ငံခြားသားတွေပါ မကျန် ဒီပွဲတော်မှာ ဝင်ရောက် ဆင်နွှဲလေ့ ရှိပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။