BBC navigation

မိုဘီဂျီနိုနဲ့ ဒေါ်စုနားဆင်မယ့် သီချင်းများ

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 16:27 GMT

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်မှာတော့ ...

DASSK

စိတ်ကူးယဉ် ကျွန်းလေး တစ်ကျွန်းပေါ်ကို ရောက်ဖြစ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် နားဆင်ဖြစ်မယ့် သီချင်းတွေအကြောင်း တင်ဆက်ပေး ထားပါတယ်။

ဘီဘီစီ Radio 4 ရဲ့ Desert Island Discs အစီအစဉ်ဟာ လူသူမရှိတဲ့ ကျွန်းလေးတကျွန်းမှာ ကိုယ်တယောက်တည်း သောင်တင်နေရင်၊ ဒါမှမဟုတ် ရောက်ဖို့ ရှိခဲ့ရင် ဘယ်လို သီချင်းမျိုး နားထောင် ဖြစ်မလဲ၊ ဘယ်လို စာအုပ်မျိုး ဖတ်ဖြစ်မလဲ၊ ဘယ်လို ဇိမ်ခံပစ္စည်းမျိုး ယူသွား ဖြစ်မလဲ ဆိုတဲ့ အစီအစဉ်ပါ။

ဒီအစီအစဉ်ကနေ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဦးကို စိတ်ကူးယဉ်ခိုင်းပြီး သီချင်းတွေ အကြောင်း မေးတဲ့အပြင် အဲဒီ ပုဂ္ဂိုလ်ရဲ့ ဘဝ ဖြတ်သန်းမှုတွေ၊ မျက်မှောက်ရေးရာတွေကိုလည်း ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာ နေစဉ်တုန်းက ဒီအစီအစဉ်ရဲ့ ပရိတ်သတ် တယောက် ဖြစ်ခဲ့တယ်လို့ နော်ဝေနိုင်ငံ နိုဘယ်လ် ငြိမ်းချမ်းရေးဆု အခန်းအနားမှာ သူ မိန့်ခွန်းပြောစဉ်က ထည့်သွင်း ပြောခဲ့ပါတယ်။

ဒါကြောင့် ဒေါ်စု ကြိုက်ခဲ့တဲ့ ဒီအစီအစဉ်က လက်ရှိ အစီအစဉ်မှူး Kirsty Young က နေပြည်တော်က ဒေါ်စု နေတဲ့ အိမ်ကို သွားပြီး မေးဖြစ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က သီချင်း ၈ ပုဒ်အပြင် စာအုပ်တအုပ်နဲ့ သူ အလိုချင်ဆုံး ပစ္စည်း တခုအကြောင်း ဒီအစီအစဉ်မှာ ပြောထားတာမို့ နားဆင်နိုင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နားဆင်ဖြစ်မယ့် သီချင်းများ

ဒေါ်အောင်ဆန်းစုကြည်နားဆင်ဖြစ်မယ့် သီချင်းများ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

နှိပ်ပါ အင်္ဂလိပ်လို အစီအစဉ်အစအဆုံးကို ဒီနေရာမှာ သွားရောက် နားဆင်နိုင်ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။