BBC navigation

ဖေဖေါ်ဝါရီ ၁၅ တမိနစ် ဗီဒီယိုသတင်း

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 14:05 GMT

မီဒီယာ ပလေးယား

ဖေဖေါ်ဝါရီ ၁၅ တမိနစ် ဗီဒီယိုသတင်း

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ရုရှားနိုင်ငံ အနောက်ပိုင်းမှာ ဥက္ကာပျံခဲကြီးပေါက်ကွဲပြီး အောက်ဖက်ကို အစိတ်အပိုင်းတွေကျလာလို့ လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။ ဥက္ကာပျံတုန်းတွေဟာ ဆက်တိုက် ပေါက်ကွဲပြီး မီးတန်းကြီးတွေ ကောင်းကင်ထဲမှာ ဖြစ်လာခဲ့ပါတယ်။ မီးလောင်နေတဲ့ အတုန်းအခဲတွေ မိြးရွာချသလို မြို့ ခြောက်မြို့ပေါ်ကျလာခဲ့တယ်လို့ ဆိုပါတယ်။

တောင်အာဖရိကမှာ နာမည်ကြီး မသန်စွမ်း အားကစား အိုလံပစ်ရွှေဆုရှင် အော်စကာ ပစ်စတိုးရီးယပ်စ်ကို လူသတ်မှုနဲ့ စွဲချတက်တင်လိုက်ပါပြီ။ သူ့ချစ်သူ ကောင်မလေးကို သေနတ်နဲ့ ပစ်ခဲ့တာဟာ မတော်တဆ မဟုတ်ပဲ ကြိုတင်ကြံရွယ်လုပ်ခဲ့တာ ဖြစ်တယ်လို့ အမှုစွဲ အရာရှိတွေက တရားရုံးကို တင်ပြဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန်မှာတော့ လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်သွားလို့ ရေထဲမြောနေခဲ့တဲ့ အပျော်စီး သင်္ဘောကြီး ကမ်းကို ပြန်ကပ်လာနိုင်ခဲ့ပါပြီ။ ကာနီဗယ် ထရိုင်ဖမ့် ရဲ့ အင်္ဂျင်ခန်းမှာ မီးလောင်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ခရီးသည်တွေ အမှောင်ထဲမှာ အနံ့ဆိုးတွေနဲ့ ရင်ဆိုင်ရင်း နေခဲ့ရတာ ဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။