BBC navigation

ဒလမြို့ ဟိန္ဒူ မီးနင်းပွဲ

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 19:32 GMT

ဒလမြို့ ဟိန္ဒူ မီးနင်းပွဲ

  • ရန်ကုန်မြစ် တဘက်ကမ်း ဒလမှာ ကျင်းပတဲ့ ဟိန္ဒူ ဘာသာ ဝင်တို့ရဲ့ မီးနင်းပွဲမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆင်နွှဲ နေတဲ့ လူငယ်များ။
  • မီးခဲ ရဲရဲ ပေါ်မှာ မီးနင်းတဲ့ အခါ ကလေးကို ပါ ချီပြီး နင်းရင်၊ ကလေး အတွက် အန္တရာယ် ကင်း တယ်လို့ ယုံကြည်ကြပါတယ်။
  • ဒီကလေးငယ် ကတော့ ကိုယ်တိုင် နင်းပါပြီ။
  • မီးမနင်းခင် အခုလို ပြင်ဆင်မှုတွေကို ကြိုတင် လုပ်ရပါတယ်။
  • အရပ် အခေါ်တော့ နတ်သွင်းတယ်လို့ ဆိုတဲ့....
  • မီးနင်း ဖို့ စိတ် ခွန်အားတွေ သွင်းယူတာ ဖြစ်ပါ တယ်။
  • ဒါကလည်း နတ်သွင်းရင်း မီးအိုးနဲ့ ကနေတဲ့ ကကွက် တခုပါ။
  • အဲဒီ နောက်မှာတော့ မြို့တပတ် လှည့်လည်ပြီး မီးနင်းမယ့် နေရာဆီ ပျှော်ရွှင်စွာ ချီတက် ကြပါ တော့တယ်။ ညနေပိုင်းမှာတော့ သက်ဆိုင်ရာ ဘုရားကျောင်းရှေ့မှာ ငှက်ပျော်ဖက် ခင်းပြီး ပွဲတော် ထမင်း ဟင်းနဲ့ လာသမျှ လူကို ဧည့်ခံ ကျွေးမွေးလေ့ ရှိပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။