BBC navigation

ဇေကမ္ဘာ မြန်မာအိုပင်း ဂေါက်ရိုက်ပြိုင်ပွဲ

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 17:28 GMT

ဇေကမ္ဘာ မြန်မာအိုပင်း ဂေါက်ရိုက်ပြိုင်ပွဲ

  • ဖေဖေါ်ဝါရီလ ၂၁ ရက် ကနေ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဇေကမ္ဘာ မြန်မာ အိုပင်း ဂေါက်ရိုက် ပြိုင်ပွဲမှာ တရုတ် ဂေါက်ရိုက် သမား ဟူမူ ယှဉ်ပြိုင် နေစဉ်။
  • ဆုကြေးငွေအားလုံး ဒေါ်လာ ၃ သိန်းပေး တဲ့ ဒီပြိုင်ပွဲဟာ မြန်မာ နိုင်ငံမှာတော့ အကြီးဆုံး ပြိုင်ပွဲဖြစ်ပြီး ပထမဆုံး ကျင်းပတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပထမဆုကိုတော့ ထိုင်းကစား သမား Chawalit Plaphol က စုစုပေါင်း ရိုက်ချက် ၁၈ ချက် လျှော့ရိုက်ပြီး ဗိုလ်စွဲသွား ပါတယ်။
  • ရန်ကုန် မင်္ဂလာဒုံ ဂေါက်ကွင်းမှာ ကျင်းပတဲ့ ဒီပွဲကို နိုင်ငံပေါင်း အတော်များများက ဂေါက်ရိုက် သမားတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပုံကတော့ ဖိလစ်ပိုင် နိုင်ငံက ကစားသမား Angelo Que ရဲ့ ရိုက်ဟန် ဖြစ်ပါတယ်။
  • ဒါကတော့ ထိုင်းနိုင်ငံကပဲ ဂေါက်ရိုက်သမား Kiradech Aphibarnrat ရဲ့ ကစားဟန်ပါ။ သူကတော့ စုစုပေါင်း ၁၆ ချက်လျှော့ရိုက်ပြီး တတိယ ဆု ဆွတ်ခူးသွား ပါတယ်။
  • သြစတြေးလျက ကစားသမား Darren Beck ဖြစ်ပါတယ်။
  • ဖင်လန်နိုင်ငံက Joonas Granberg ဖြစ်ပါတယ်။
  • Siddikur Rahman ကတော့ ဘင်္ဂလား ဒေ့ရှ်ကနေ လာရောက် ယှဉ်ပြိင်တာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။