BBC navigation

မြန်မာ့ သတင်းပုံရိပ်များ

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 17:16 GMT

မြန်မာ့သတင်း ပုံရိပ်များ

  • U Thein Sein in Norway
    ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က နော်ဝေးနိုင်ငံကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန် နော်ဝေး ဝန်ကြီးချုပ်နဲ့ စီးပွားကုန်သွယ်ရေး၊ အပြန် အလှန်ဆက်ဆံမှု တိုးမြှင့်ရေးတွေ ဆွေးနွေးခဲ့၊။
  • U Thein Sein in Norway
    နော်ဝေးဝန်ကြီးချုပ် မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ပြီး ဦးသိန်းစိန်ကိုလည်း အပြန်အလှန် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
  • U Thein Sein in Norway
    နော်ဝေးနိုင်ငံခြားရေး ဝန်ကြီးက သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုနှုတ်ဆက်။
  • U Thein Sein in Norway
    ဝန်ကြီးက နော်ဝေးရဲ့ နှင်းဖုံး သဘာဝအလှတွေကို ရှင်းလင်းပြသ။
  • Desmond Tutu and Daw Aung San Suu Kyi
    ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာပဲ တောင်အာဖရိကက နိုဗဲ ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်က သူ့နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
  • Daw Aung San Suu Kyi and Desmond Tutu
    ဘုန်းတော်ကြီး တူးတူးက သူ ချစ်ခင်လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ရတာ အင်မတန် ကြည်နူးဝမ်းသာကြောင်း ပြောပါတယ်။
  • Daw Aung San Suu Kyi and Desmond Tutu
    ဘုန်းတော်ကြီး တူးတူးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် တလျှောက်မှာ သူ့ကို ထောက်ခံအားပေးပြီး ပြန်လွတ်မြောက်ရေးအတွက် လှုံ့ဆော် လှုပ်ရှားပေးနေခဲ့သူ တဦးဖြစ်ပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။