BBC navigation

လယ်သမားအရေး ဘယ်လိုဖြေရှင်းနိုင်မလဲ

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 20:47 GMT

မတ်လ ၂ ရက်နေ့ဟာ တောင်သူလယ်သမားနေ့ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ကတော့ ဧရာဝတီတိုင်း မအူပင်မြို့နယ်က မလက်တို ကျေးရွာမှာတော့ သိမ်းဆည်းခံ လယ်မြေတွေကို ပြန်တောင်းဆိုလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လယ်သမားတွေကြား နှစ်ဘက် တိုက်ကြ ခိုက်ကြတဲ့ အတွက် သေ ကြေ ဒဏ်ရာရခဲ့ကြရပါတယ်။

အစိုးရ လယ်သမားနဲ့ ဒီကိစ္စမှာ ပါနေတဲ့ ကုမ္ပဏီကြား အကောင်းဆုံး ဘယ်လိုရှင်းနိုင်မလဲ။

သောတရှင်တွေရဲ့ အမြင်အမျိုးမျိုးကို မတ်လ ၂ ရက် စနေနေ့ည တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ဆက်သွယ်ရင်burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပါပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။