BBC navigation

မတ်လ ၁၁ တမိနစ် သတင်းဗီဒီယို

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 19:11 GMT

မီဒီယာ ပလေးယား

အိန္ဒိယတရားခံ ထောင်တွင်း သေဆုံး၊ ဆီးရီးယား လူ့အခွင့်အရေး နဲ့ တရုတ်က ဝက်သေများ

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ပြီးခဲ့တဲ့ နှစ်ကုန်က အိန္ဒိယနိုင်ငံ ဒေလီ မြို့တော်ရဲ့ ဘတ်စကားတစီးပေါ်မှာ ကျောင်းသူတဦး ကို အဓမ္မ ပြုကျင့်သူ အဓိက တရားခံတဉီး အဖြစ် စွပ်စွဲ ခံထားရသူ ဘတ်စကား မောင်းသမား ဟာ ထောင်အချုပ်ခန်း တွင်းမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ ဒီအဓမ္မပြုကျင့်မှု ကြောင့် အိန္ဒိယနိုင်ငံတလွှားမှာ မကျေမနပ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆီးရီးယားမှာ လူအများအပြားကို သတ်ဖြတ်ခဲ့မှုနဲ့ ရပ်ကွက်တွေ ရွာတွေ တခုလုံးထိ ပျက်စီးသွားအောင် ဖျက်ဆီးခဲ့တဲ့ အထောက်အထားတွေ ရထားပြီလို့ ကုသလမဂ္ဂ အစီရင်ခံစာသစ် တစောင်အရ သိရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရရော၊ အတိုက်အခံ အင်အားစုတွေရော ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ ဆီးရီးယားအရေး စုံစမ်းစစ်ဆေးမှု ကော်မရှင်အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။

တရုတ် နိုင်ငံ ရှန်ဟိုင်း မြို့အနီးက ဟွာပု မြစ်ထဲမှာ ဝက်အသေတွေ မျောလာလို့ ဆယ်ယူနေကြရာမှာ အခု အချိန် အထိ အကောင် ၂ ထောင် ကျော်သွားပြီလို့ သိရပါတယ်။ ဒီ ဟွာပု မြစ်ရေကို ရှန်ဟိုင်းမြို့ သောက်ရေ အတွက် အဓိက အသုံး ပြုနေတာဖြစ်လို့ ဝက်တွေ ဘာကြောင့် အခုလို သေဆုံးရတယ် ဆိုတာကို အာဏာပိုင်တွေက စုံးစမ်း စစ်ဆေး နေပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။