BBC navigation

မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ကြေညာ

နောက်ဆုံး ရေးသားချိန် 21 မတ်လ 2013 - 14:22 GMT

မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ကြေညာ

  • မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ကြေညာပြီးနောက် စစ်တပ်ကို ချထားလိုက်ပြီ ဖြစ်ပါတယ်။
  • စစ်သားတွေဟာ မြို့ လမ်းမ တွေပေါ်မှာ လှည့်လည် စောင့်ကြပ် နေပါတယ်။
  • မိတ္ထီလာ-မြင်းခြံလမ်းဘေးက မွတ်ဆလင် အများစု နေထိုင်တဲ့ အုတ်ကျင်းရပ်ကွက်မှာ မတ် ၂၂ မနက်က တွေ့ရတဲ့ အလောင်းများ
  • မိတ္ထီလာ-မြင်းခြံလမ်းဘေးက မွတ်ဆလင် အများစု နေထိုင်တဲ့ အုတ်ကျင်းရပ်ကွက်မှာ မတ် ၂၂ မနက်က တွေ့ရတဲ့ အလောင်းများ အနီးကပ်မြင်ကွင်း
  • မိတ္ထီလာ-မြင်းခြံလမ်းဘေးက မွတ်ဆလင် အများစု နေထိုင်တဲ့ အုတ်ကျင်းရပ်ကွက်
  • မိတ္ထီလာမြို့ပေါ်က မီးရှို့ခံထားရဲ့ လူသေအလောင်း
  • မိတ္ထီလာခရိုင် အတွင်း ၄ မြို့နယ်ကို သမ္မတ အမိန့်နဲ့ မတ်လ ၂၂ ရက်နေ့မှာ အရေးပေါ် အခြေ အနေ ကြေညာလိုက် ပါတယ်။
  • မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်း ဖြစ်ပွားမှု အနည်း အကျဉ်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံ-ထောက်လှမ်း ဌာနက ဒုရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။
  • ချမ်းအေးသာ ရွာကို မီးရှို့မှု ဖြစ်ပွား ခဲ့တယ် လို့လည်း ဒုရဲမှူးကြီး မင်းအောင် က ပြောပါတယ်။
  • လုံခြုံရေး တပ်ဖွဲ့ တွေနဲ့ တာဝန်ရှိ သူတွေ ရောက်ရှိလာတဲ့ အခါကျမှာ အိမ်ထဲမှာ ပုံးအောင် နေ ကြသူတွေ ထွက်လာခဲ့ကြ ပါတယ်။
  • အခုတော့ ရဲတပ် ရင်း ၂ ရင်းကို ချထား လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
  • ရဲတွေ ကနေ လုယက်မှုတွေ ရှိမရှိ ဆိုတာကို လမ်းတွေပေါ်မှာ စစ်ဆေး နေကြပါတယ်။
  • မိတ္ထီလာ အဓိကရုဏ်း ဖြစ်မှုမှာ အိမ် အတော် များများ မီးလောင် ပြာကျ ကုန်ပါတယ်၊ လူ ၅ ဦး သေဆုံးကာ ၃၉ ဦး ဒဏ်ရာ ရရှိ သွားတယ်လို့ အစိုးရ က ကြေညာသွားပါတယ်။
  • မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်မှာ ရွှေလာ ရောင်းသူနဲ့ ဆိုင်ရှင်တို့ အချင်း များရာ ကနေ...
  • စတင် ခဲ့တာ ဖြစ်ပြီး၊ ဘာသာရေး ဆန်တဲ့ အဓိကရုဏ်းမျိုး ဖြစ်ခဲ့ တာပါ။
  • မတ်လ ၂၁ ရက်နေ့မှာတော့ ရပ်ကွက်တချို့က လူတွေ ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီး၊ တချို့ ကလည်း ကိုယ့်ဘာသာကိုယ် ရပ်ကွက် လုံခြုံရေးကို တာဝန်ယူနေကြပါတယ်။
  • မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်လည်း မိတ္ထီလာကို ရောက်ရှိနေပြီ။
  • ပုပ်မ ၁၄၄ ထုတ်ပြန်ထားပြီး အခြေ အနေ ထိမ်းသိန်း နိုင်အောင် ရဲက ကြိုးပမ်း ဆောင်ရွက် နေပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။