BBC navigation

ကရင်နီဒုက္ခသည်စခန်း အမှတ် (၂) မီးလောင်

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 18:04 GMT

ကရင်နီဒုက္ခသည်စခန်း အမှတ် (၂) မီးလောင်

  • ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ် က ကရင်နီ ဒုက္ခသည် စခန်း အမှတ်၂ ရဲ့ ရပ်ကွက် ၁ နဲ့ ၄ မှာ မီးလောင်ခဲ့တာ ကြောင့် လူ ၃၀ ကျော် သေဆုံးသွားပြီး၊ အိမ်ခြေ ၄၀၀ကျော် မီးထဲ ပါသွား ပါတယ်။
  • သေဆုံး သွားသူတွေ ထဲမှာ ကလေးငယ် တွေရော၊ သက်ကြီး ရွယ်အို တွေပါ ပါတယ်လို့ ဆိုပါတယ်။
  • မီးဘေး ဒုက္ခသည်တွေ ရိက္ခာ အတွက် စာရင်း သွင်းနေကြစဉ်။
  • အိမ်တွေ မီးထဲပါသွားလို့ ယာယီ ရွက်ဖျင်ထိုး ပြီး နေနေ ရပါတယ်။
  • မီးဘေး ဒုက္ခသည်တွေကို ထိုင်းမြန်မာနယ်စပ် အခြေစိုက် ဒုက္ခသည်များ အကူ အညီပေးရေး အဖွဲ့တွေက ကူညီနေပါတယ်။
  • ထိုင်းစစ်တပ်က သောက်သုံး ရေနဲ့ အစား အစာတွေ ကူညီ ထောက်ပံ့ ကြတယ်လို့ သိရ ပါတယ်။
  • ရပ်ကွက် ၁ က မီးစတင် လောင်ကျွမ်းရာ ကနေ တခြား ရပ်ကွက်ကိုပါ ကူးစက် လောင်ကျွမ်းပြီး...
  • အရှိန်မသတ်နိုင်ခဲ့တဲ့ အနေအထားထိ ဖြစ်သွားခဲ့ ရတယ်လို့ စခန်း တာဝန်ခံတဦးက ဘီဘီစီကို ပြောပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။