BBC navigation

ကုလ ကိုယ်စားလှယ် မိတ္ထီလာ သွားရောက်

နောက်ဆုံး ရေးသားချိန် 24 မတ်လ 2013 - 11:34 GMT

ကုလ ကိုယ်စားလှယ် မိတ္ထီလာ သွားရောက်

  • ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ဟာ မိတ္ထီလာ မြို့ကို သွားရောက်ပြီး ....
  • အဓိကရုဏ်း ကြောင့် ဒုက္ခ ရောက်ခဲ့ ရသူ တွေကို တွေ့ဆုံ စကား ပြောကြားခဲ့ ပါတယ်။
  • မစ္စတာ နမ်ဘီးယား နဲ့အတူ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ဆရာတော် ဓမ္မ ဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ တို့လည်း အတူ သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
  • မစ္စတာ နမ်ဘီးယားက အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့ သူတွေကို ဖမ်းဆီးနိုင်ဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။
  • ဒုက္ခသည်တွေကို လှည့်လည် ကြည့်ရှုပြီးနောက် မိတ္ထီလာမြို့ ဟော်တယ် တခုမှာ ဘာသာရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ တခုပြုလုပ်ခဲ့ပါတယ်။
  • ဝန်ကြီး ဦးအောင်မင်းလည်း ဒုက္ခရောက်ခဲ့ရ သူတွေကို လိုက်လံ တွေ့ဆုံပြီး အားပေး စကား ပြောကြားခဲ့။
  • အလားတူ သံဃာတော်တွေကလည်း အားပေး စကား ပြောကြား ပါတယ်။
  • မိတ္ထီလာ အားကစား ဝင်းအတွင်း အစား အသောက် အကူအညီတွေ ရောက်ရှိ။
  • စစ်သားတွေ ကလည်း အပျက် အဆီးတွေကို ကူညီ ရှင်းလင်းပေး နေပါပြီ။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။