သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဧပြီ ၁ ရက် တမိနစ် သတင်းဗီဒီယို

ဆေးဝါး ထုတ်လုပ်တဲ့ ဆွစ်ဇာလန် ကုမ္ပဏီ နိုဗာတစ်ရဲ့ ကင်ဆာ ရောဂါကု ဂလီဗက် ဆေးဝါး အတွက် မူပိုင် ခွင့်ကို အိန္ဒိယ တရား ရုံးချုပ် ကနေ ပယ်ချ။ ရာစုနှစ် တဝက် လောက် နီးပါး သတင်းစာ ထုတ်ဝေခွင့် ပိတ်ပင် ထားတဲ့ မြန်မာ နိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ တွေကို ပထမဆုံး ပြန်လည် ထုတ်ဝေခွင့် ပြု။ မြောက်ကိုးရီးယား ဘက်က ဘယ်လို ပုံစံမျိုး နဲ့ဘဲ ဖြစ်ဖြစ် ကျူးကျော် ရန်စမှု လုပ်လာမယ် ဆိုရင် တောင်ကိုရီးယား ဘက်ကနေ စစ်ရေး အရ ချက်ခြင်း ဆိုသလို အပြင်း အထန် တုံ့ပြန် သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွန်ဟေး ပြောကြား။