သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘိုင်းဖုန်း Handset စျေးကွက်

ဧပြီလ ပထမပတ် အတွင်းမှာ ပဲ MPT လို့ ခေါ်တဲ့ မြန်မာ့ စာတိုက်နဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန က CDMA 800 အမျိုးအစား SIM Card တွေ ဧပြီ လ ၂၄ ရက် နေ့ ကစပြီး တလ ၃ သိန်းခွဲ အရေ အတွက် နဲ့ ၂ လ ဆက်တိုက် စုစုပေါင်း ၇ သိန်း ထုတ်ရောင်း ပေးမယ်၊ စျေး ကလည်း တကဒ် ၁၅၀၀ ကျပ် ဆိုတော့ လူတွေ အကြား အတော် အုတ်အော်သောင်းနင်း ကြိုဆို နေကြပါတယ်။

မိုဘိုင်းဖုန်း ဟန်းဆက် တွေ ရဲ့ စျေးကွက် မှာတော့ အဲဒီ အတွက် အမြန် ပြင်ဆင် နေကြသူတွေ ကော၊ စောင့်ကြည့် ရဦးမယ် ဆိုသူတွေ ကော ရှိနေပါတယ်။ ဘာ့ကြောင့်လဲ။

ကိုရင်မောင် ဒီတပတ် စီးပွားရေး သုံးသပ်ချက် မှာ တင်ဆက် ထားပါတယ်။