သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လက်ရှိနိုင်ငံရေးမှာ ဂျပန်ရောက် မြန်မာ့ဒီမိုအင်အားစုတွေ ပါနိုင်အောင် ဒေါ်စု ဘာလုပ်ပေးနိုင်မလဲ

  • 13 ဧပြီ 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဧပြီ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံကို ရောက်ရှိနေပါတယ်။

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဂျပန်နိုင်ငံရောက် မြန်မာ့အင်အားစုတွေဟာ အစဉ်တစိုက် စေတနာ ထက်သန်စွာ ကူညီပံ့ပိုးခဲ့ကြပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ သူတို့ ဘယ်လိုအခန်းကဏ္ဍက ပါဝင်နိုင်မယ်လို့ ထင်ပါသလဲ

ဒီလိုပါဝင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဘာတွေ လုပ်ပေးနိုင်ပါသလဲ

ဧပြီလ ၁၃ ရက်နေ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်

နားထောင်ပြီး တခုခု ပြောချင်ရင် ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ဆက်သွယ်ရင်burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပါပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။