သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဧပြီ ၁၉ တမိနစ် သတင်း ဗီဒီယို

အမေရိကန် ပြည်ထောင်စု ဘော်စတွန် မာရသွန်ပွဲ မှာ ဗုံးခွဲ ခဲ့သူ လို့ သံသယရှိသူ နှစ်ဦးကို ရဲက လိုက်လံ ဖမ်းဆီးရာ ဘော်စတွန်မြို့ ဆင်ခြေဖုံး ဘက်မှာ ပစ်ခတ် မှုတွေ ဖြစ်ပွား ခဲ့ပြီးနောက် သံသယရှိသူ တဦး သေဆုံးသွားပြီး၊ နောက်တဦး ကတော့ လွတ်မြောက် သွားခဲ့။ ပါကစ္စတန် သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက် မူရှာရက်ဖ်ကို သူ့ နေအိမ်ကနေ ရဲတွေက မြို့တော် အစ္စလာမ် မာဘတ်က ရဲဌာနချုပ်ကို ခေါ်ဆောင် သွား။ ကမ္ဘာပေါ်မှာ အသက်အကြီး ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဂျပန် နိုင်ငံက အဘိုးအို ဂျေရမွန် ကီမူရာ ဟာ သူ့ရဲ့ ၁၁၆ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပခဲ့။