သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာနိုင်ငံသားတွေ ဘာကြောင့် အခွန်မဆောင်ကြတာလဲ

  • 20 ဧပြီ 2013

မြန်မာနိုင်ငံသား ၁ ရာခိုင်နှုန်းကျော်လောက်ဘဲ အခွန်ဆောင်ပြီး အာဆီယံ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အခွန်ဆောင်သူ အနည်းဆုံးနိုင်ငံလို့ မနှစ်က အစိုးရ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေ ဘာကြောင့် အခွန်မဆောင်ကြတာလဲ။

ဘာလုပ်ရင် အခွန်ဆောင်ကြမယ်လို့ ထင်ပါသလဲ ။

ဧပြီလ ၂၀ ရက်နေ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင်ဆွေးနွေးကြပါတယ်။ သောတရှင်တွေနဲ့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦး နဲ့

အခွန်ဦးစီးဌာနက အငြိမ်းစားအရာရှိကြီးတဉီးဖြစ်ပြီး စီးပွားရေးဆိုင်ရာဆောင်းပါးတွေ ရေးသားနေတဲ့ ဦးဟန်ထွန်း တို့ ပါဝင်ဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

နားထောင်ပြီးတခုခုပြောလိုရင် ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ ဆက်သွယ်ရင် burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။