သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖို့ဒ်ကားတွေ မြန်မာပြည်မှာ ရောင်းတော့မယ်

  • 30 ဧပြီ 2013

ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန်က ဖို့ဒ် မော်တာ ကုမ္ပဏီ ဟာ သူတို့ရဲ့ကားတွေကို မြန်မာနိုင်ငံမှာ ရောင်းချတော့မယ်လို့ ကြေငြာပါတယ်။

မြန်မာနိုင်ငံက ကက်ပီတယ် ဒိုင်းမွန်း စတား ဂရု(ပ်)နဲ့ အကျိုးတူ ပူးပေါင်းပြီး သြဂုတ်လ လောက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

ဖိုဒ့် မော်တာ ကုမ္ပဏီအနေနဲ့ ပထမပိုင်းမှာ လုပ်ငန်းသုံး ကားတွေ သွင်းဖြစ်မှာ ဖြစ်ပြီး အဲဒီထဲမှာ Ford Ranger truck နဲ့ Taurus Sedan ကားတွေ ပါဝင်မယ်လို့ သိရပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ ကား တပ်ဆင် ထုတ်လုပ်ရေး စက်ရုံတော့ တည်ဆောင်ဦးမှာ မဟုတ်ဘူးလို့လည်း ဖို့ဒ် ကုမ္ပဏီက ပြောပါတယ်။